NEWS
2025-02-10
ပြည်ထောင်စုအဆင့်
MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို (၁၀. ၂. ၂၀၂၅) ရက်နေ့တွင်
နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော် တပေါင်းကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့ပါသည်။အခမ်းအနားသို့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်
အတူ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း
ကော်မတီဥက္ကဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်
ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး ကောင်စီအဖွဲ့ဝင်များနှင့်
ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့်ဇနီးများ
တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ
အဆင့်မြင့်တပ်မတော်အရာရှိကြီးများ နှင့်ဇနီးများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ
MSME အေဂျင်စီ ဥက္ကဋ္ဌ များနှင့် တာဝန်ရှိသူများ၊
အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ပြခန်းတာဝန်ခံများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊
တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့များနှင့် ဒေသခံပြည်သူများ စည်ကား သိုက်မြိုက်စွာ တက်ရောက်ကြပါသည်။
ဦးစွာ
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝင်းရှိန်၊
ဦးမင်းနောင်၊ ဦးလှမိုး၊ ဒေါက်တာချာလီသန်း၊ ဒေါက်တာမျိုးသိန်းကျော်တို့နှင့် နေပြည်တော်ကောင်စီဥက္ကဌ
ဦးသန်းထွန်းဦးတို့က ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို
ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပါသည်။
ယင်းနောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို
စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်
MSME ထုတ်ကုန် ပြပွဲနှင့်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနား ဂုဏ်ပြုတေးသီချင်းဖြင့် တိုင်းရင်းသားရိုးရာ
ယဉ်ကျေးမှုအကအဖွဲ့များက ကပြဖျော်ဖြေတင်ဆက်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ
ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်
တက်ရောက်လာကြသူများက ကြည့်ရှုအားပေး နှုတ်ဆက်ကြပါ သည်။
2025-01-20
UNDP နှင့် ASEAN Secretariat ပူးပေါင်း၍ Blue Innovation Expo and Business Matching ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ကုန်စည်ပြပွဲတွင် ASEAN Blue Innovation Challenge မှ ဆုရရှိသူများမှ ပြသမည်ဖြစ်ပြီး အဆိုပါ ဆုရစာရင်းတွင် အဏ္ဏဝါပလတ်စတစ်ညစ်ညမ်းမှု၊ ရေရှည် တည်တံ့သော ငါးဖမ်းလုပ်ငန်း၊ ရေရှည်တည်တံ့သောခရီးသွားလုပ်ငန်းနှင့် ရာသီဥတုပြဿနာများကို ဖြေရှင်း ရန်အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံ (AMS) နိုင်ငံများနှင့် Timor Leste နိုင်ငံတို့မှ ဆန်းသစ် တီထွင်မှုရှိသည့် လုပ်ငန်းရှင် (၆၀) ဦး ပါဝင်မည် ဖြစ်ပါသည်။
အဆိုပါ ASEAN Blue Innovation Expo and Business
Matching သို့ စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များအနေဖြင့် Flyer တွင်ပါရှိသည့် Link/ QR Code ဖြင့် ဝင်ရောက်၍ Register ပြုလုပ် လျှောက်ထားနိုင်ကြောင်း သတင်းအချက်အလက် ဖြန့်ဝေအပ်ပါသည်။
2025-01-11
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်(၁၁. ၁. ၂၀၂၅)ရက်နေ့တွင်မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိအသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအားပြင်ဦးလွင်မြို့ရှိ၊ မြို့တော်ခန်းမ၌ တွေ့ဆုံ၍ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားခဲ့ပါသည်။အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမိုးအောင်၊ ဦးခင်မောင်ရီ၊ ဒေါက်တာချာလီသန်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြင်ဦးလွင်ခရိုင်မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြင်ဦးလွင်ခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME)လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။
2025-01-10
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်(၁၀.၁. ၂၀၂၅)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME)လုပ်ငန်းရှင်များအား မိတ္ထီလာမြို့ ကန်တော်မင်္ဂလာခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားခဲ့ပါသည်။အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမိုးအောင်၊ ဦးခင်မောင်ရီ၊ ဒေါက်တာချာလီသန်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မိတ္ထီလာခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မိတ္ထီလာခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME)လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။
2025-01-07
ပြည်တွင်းစားသုံးဆီဖူလုံစေရေးအတွက်
သွင်းကုန်အစားထိုး ပဲပုပ်ဆီထုန်လုပ်နိုင်ရန် လိုအပ်သော ကုန်ကြမ်းပစ္စည်းများ
ပံ့ပို့းခြင်းဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ” ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့
နေ့လယ်ပိုင်းတွင် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေး ဦးစီးဌာန၊
ရုံးအမှတ် (၃၇) ၌ Online
Zoom Meeting ပုံစံဖြင့်
ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့
စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် ဆက်စပ်ဌာနများ၊
ပုဂ္ဂလိကအသင်းအဖွဲ့များမှ
တာဝန်ရှိသူများ စုစုပေါင်း (၉၈)
ဦး တက်ရောက် ခဲ့ကြပါသည်။
2024-12-24
အသေးစား၊ အငယ်စားနှင့်အလတ်စား
စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေမှ
MSME လုပ်ငန်းရှင်များသို့ PFI ဘဏ်များမှတဆင့် ချေးငွေထုတ်ချေးရာတွင် PFI ဘဏ်များမှ
လက်ခံရယူဆောင်ရွက်ပေး နိုင်မည့် အာမခံပစ္စည်းအမျိုးအစားများအား MSME လုပ်ငန်းရှင်များ
သိရှိနိုင်ပါရန် ဖြန့်ဝေအပ်ပါသည်။
2024-12-13
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Websitehttps://2020election.uec.gov.mmတွင် ဘာသာစကား(၅)မျိုးဖြင့် လွှင့်တင်ထားပါကြောင်းနှင့် အောက်ဖော်ပြပါ Link များတွင်လည်း သက်ဆိုင်ရာ ဘာသာအလိုက် Download ရယူ၍ လေ့လာဖတ်ရှုနိုင်ပါကြောင်း အသိပေးအပ်ပါသည်။https://2020election.uec.gov.mm/?lang=mm(မြန်မာဘာသာ)https://2020election.uec.gov.mm/?lang=gb(အင်္ဂလိပ်ဘာသာ)https://2020election.uec.gov.mm/?lang=cn (တရုတ်ဘာသာ)https://2020election.uec.gov.mm/?lang=ru(ရုရှားဘာသာ)https://2020election.uec.gov.mm/?lang=jp(ဂျပန်ဘာသာ)
2024-12-06
“နို့ထွက်ပစ္စည်းနှင့်ဝိုင် အစပျိုးစီးပွားရေးလုပ်ငန်း (Business Startup) များအတွက် လိုအပ်ချက်များ
ပံ့ပိုးနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲ” ကို
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့ နေ့လယ်ပိုင်းတွင် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊
ရုံးအမှတ် (၃၇)၌ Online Zoom
Meeting
ပုံစံဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့
စက်မှု ဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် ဆက်စပ်ဌာနများ၊
ပုဂ္ဂလိက အသင်း အဖွဲ့များမှ
တာဝန်ရှိသူများ စုစုပေါင်း (၁၀၁) ဦး တက်ရောက်ခဲ့ကြပါသည်။
2024-11-22
U.S-ASEAN
Smart Cities Partnership (USASCP) Business Innovation Fund (BIF) အတွက် Proposal ခေါ်ယူမှုအား
သတင်းအချက်အလက် ဖြန့်ဝေပေးပါရန် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အကြောင်း ကြားလာပါသည်။ အဆိုပါ Projectသည်
အာဆီယံနိုင်ငံများအတွင်းရှိ မြို့ပြစိန်ခေါ်မှုများအတွက် Carbon Neutral Solution နှင့်စပ်လျဉ်း၍
စွန့်ဦးဆောင်ရွက်နေသည့် NGO များ၊ ပညာရပ်ဆိုင်ရာအဖွဲ့အစည်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများကို ပံ့ပိုးကူညီရန်ဖြစ်ပြီး US$ 200,000 မှ $400,000 အထိ အထောက်အပံ့ပေးအပ်မည်ဖြစ်ပါသည်။ အသေးစိတ်အချက် အလက်မျာ ကို https://www.usascp.org/apply/ တွင်လည်းဝင်ရောက်လေ့လာနိုင်မည် ဖြစ်ပါသည်။သို့ဖြစ်ပါ၍
သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် စိတ်ပါဝင်စားသူများ Proposal တင်သွင်းနိုင်ရေးအတွက် သတင်းအချက်အလက်ဖြန့်ဝေအပ်ပါသည်။
2024-11-08
“ASEAN SME Policy Index (2024)အရမြန်မာ SME လုပ်ငန်းများ၏မူဝါဒအညွှန်းကိန်းနှင့်ပတ်သက်၍ရှေ့ဆက်ဆောင်ရွက်မှုဆိုင်ရာညှိနှိုင်းဆွေးနွေးပွဲ”ကို၂၀၂၄ခုနှစ်၊ဖေဖော်ဝါရီလ၄ရက်နေ့နေ့လယ်ပိုင်းတွင်စက်မှုဝန်ကြီးဌာန၊ရုံးအမှတ်(၃၀)အစည်းအဝေးခန်းမ၌Hybridပုံစံဖြင့်ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါဆွေးနွေးပွဲသို့စက်မှုဝန်ကြီးဌာန၊ဆက်စပ်ဌာနများနှင့်ပုဂ္ဂလိကအသင်းအဖွဲ့များမှတာဝန်ရှိသူများIn-person (၈၉) ဦး ၊Onlineမှ (၆၄) ဦး၊ စုစုပေါင်း (၁၅၃) ဦး တက်ရောက်ခဲ့ကြ ပါသည်။
2024-10-22
Regional Comprehensive Economic Partnership-RCEP သဘောတူစာချုပ် ဆိုင်ရာ အချက်အလက်များ pdf ဖိုင်တွင် လေ့လာဖတ်ရှုနိုင်ပါကြောင်း MSME လုပ်ငန်းရှင်များ သိရှိနိုင်ပါရန် သတင်းအချက်အလက် ဖြန့်ဝေအပ်ပါသည်။
2024-10-19
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စားသုံးဆီများ၏ လက်လီ/လက်ကား ဒေသ
ဈေးနှုန်းများ၊ ဝါ၊ ဝါဂွမ်း၊ ဝါစေ့၊ ပြည်တွင်းထုတ်ချည်နှင့်
ပြည်ပမှတင်သွင်းသည့်
ချည်တို့၏
ဈေးနှုန်းများအား pdf ဖိုင်တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

