The Republic of the Union of Myanmar

Ministry of Industry

Directorate of Industrial Supervision and Inspection

(Department of Micro, Small and Medium Enterprises Development)

NEWS

2025-01-20
UNDP နှင့် ASEAN Secretariat ပူးပေါင်း၍ Blue Innovation Expo and Business Matching ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ကုန်စည်ပြပွဲတွင် ASEAN Blue Innovation Challenge မှ ဆုရရှိသူများမှ ပြသမည်ဖြစ်ပြီး အဆိုပါ ဆုရစာရင်းတွင် အဏ္ဏဝါပလတ်စတစ်ညစ်ညမ်းမှု၊ ရေရှည် တည်တံ့သော ငါးဖမ်းလုပ်ငန်း၊ ရေရှည်တည်တံ့သောခရီးသွားလုပ်ငန်းနှင့် ရာသီဥတုပြဿနာများကို ဖြေရှင်း ရန်အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံ (AMS) နိုင်ငံများနှင့် Timor Leste နိုင်ငံတို့မှ ဆန်းသစ် တီထွင်မှုရှိသည့် လုပ်ငန်းရှင် (၆၀) ဦး ပါဝင်မည် ဖြစ်ပါသည်။ အဆိုပါ ASEAN Blue Innovation Expo and Business Matching သို့ စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များအနေဖြင့် Flyer တွင်ပါရှိသည့် Link/ QR Code ဖြင့် ဝင်ရောက်၍ Register ပြုလုပ် လျှောက်ထားနိုင်ကြောင်း သတင်းအချက်အလက် ဖြန့်ဝေအပ်ပါသည်။
2025-01-11
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်(၁၁. ၁. ၂၀၂၅)ရက်နေ့တွင်မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိအသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအားပြင်ဦးလွင်မြို့ရှိ၊ မြို့တော်ခန်းမ၌ တွေ့ဆုံ၍ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားခဲ့ပါသည်။အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမိုးအောင်၊ ဦးခင်မောင်ရီ၊ ဒေါက်တာချာလီသန်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြင်ဦးလွင်ခရိုင်မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြင်ဦးလွင်ခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME)လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။
2025-01-10
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်(၁၀.၁. ၂၀၂၅)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME)လုပ်ငန်းရှင်များအား မိတ္ထီလာမြို့ ကန်တော်မင်္ဂလာခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားခဲ့ပါသည်။အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမိုးအောင်၊ ဦးခင်မောင်ရီ၊ ဒေါက်တာချာလီသန်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မိတ္ထီလာခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မိတ္ထီလာခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME)လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။
2025-01-07
ပြည်တွင်းစားသုံးဆီဖူလုံစေရေးအတွက် သွင်းကုန်အစားထိုး ပဲပုပ်ဆီထုန်လုပ်နိုင်ရန် လိုအပ်သော ကုန်ကြမ်းပစ္စည်းများ ပံ့ပို့းခြင်းဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ” ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ နေ့လယ်ပိုင်းတွင် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေး ဦးစီးဌာန၊ ရုံးအမှတ် (၃၇) ၌ Online Zoom Meeting ပုံစံဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် ဆက်စပ်ဌာနများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များမှ တာဝန်ရှိသူများ စုစုပေါင်း (၉၈) ဦး တက်ရောက် ခဲ့ကြပါသည်။
2024-12-24
အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေမှ MSME လုပ်ငန်းရှင်များသို့ PFI ဘဏ်များမှတဆင့် ချေးငွေထုတ်ချေးရာတွင် PFI ဘဏ်များမှ လက်ခံရယူဆောင်ရွက်ပေး နိုင်မည့် အာမခံပစ္စည်းအမျိုးအစားများအား MSME လုပ်ငန်းရှင်များ သိရှိနိုင်ပါရန် ဖြန့်ဝေအပ်ပါသည်။
2024-12-13
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Websitehttps://2020election.uec.gov.mmတွင် ဘာသာစကား(၅)မျိုးဖြင့် လွှင့်တင်ထားပါကြောင်းနှင့် အောက်ဖော်ပြပါ Link များတွင်လည်း သက်ဆိုင်ရာ ဘာသာအလိုက် Download ရယူ၍ လေ့လာဖတ်ရှုနိုင်ပါကြောင်း အသိပေးအပ်ပါသည်။https://2020election.uec.gov.mm/?lang=mm(မြန်မာဘာသာ)https://2020election.uec.gov.mm/?lang=gb(အင်္ဂလိပ်ဘာသာ)https://2020election.uec.gov.mm/?lang=cn (တရုတ်ဘာသာ)https://2020election.uec.gov.mm/?lang=ru(ရုရှားဘာသာ)https://2020election.uec.gov.mm/?lang=jp(ဂျပန်ဘာသာ)
2024-12-06
“နို့ထွက်ပစ္စည်းနှင့်ဝိုင် အစပျိုးစီးပွားရေးလုပ်ငန်း (Business Startup) များအတွက် လိုအပ်ချက်များ ပံ့ပိုးနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲ” ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့ နေ့လယ်ပိုင်းတွင် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ရုံးအမှတ် (၃၇)၌ Online Zoom Meeting ပုံစံဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ စက်မှု ဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် ဆက်စပ်ဌာနများ၊ ပုဂ္ဂလိက အသင်း အဖွဲ့များမှ တာဝန်ရှိသူများ စုစုပေါင်း (၁၀၁) ဦး တက်ရောက်ခဲ့ကြပါသည်။
2024-11-22
U.S-ASEAN Smart Cities Partnership (USASCP) Business Innovation Fund (BIF) အတွက် Proposal ခေါ်ယူမှုအား သတင်းအချက်အလက် ဖြန့်ဝေပေးပါရန် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အကြောင်း ကြားလာပါသည်။ အဆိုပါ Projectသည် အာဆီယံနိုင်ငံများအတွင်းရှိ မြို့ပြစိန်ခေါ်မှုများအတွက် Carbon Neutral Solution နှင့်စပ်လျဉ်း၍ စွန့်ဦးဆောင်ရွက်နေသည့် NGO များ၊ ပညာရပ်ဆိုင်ရာအဖွဲ့အစည်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများကို ပံ့ပိုးကူညီရန်ဖြစ်ပြီး US$ 200,000 မှ $400,000 အထိ အထောက်အပံ့ပေးအပ်မည်ဖြစ်ပါသည်။ အသေးစိတ်အချက် အလက်မျာ ကို https://www.usascp.org/apply/ တွင်လည်းဝင်ရောက်လေ့လာနိုင်မည် ဖြစ်ပါသည်။သို့ဖြစ်ပါ၍ သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် စိတ်ပါဝင်စားသူများ Proposal တင်သွင်းနိုင်ရေးအတွက် သတင်းအချက်အလက်ဖြန့်ဝေအပ်ပါသည်။
2024-11-08
“ASEAN SME Policy Index (2024)အရမြန်မာ SME လုပ်ငန်းများ၏မူဝါဒအညွှန်းကိန်းနှင့်ပတ်သက်၍ရှေ့ဆက်ဆောင်ရွက်မှုဆိုင်ရာညှိနှိုင်းဆွေးနွေးပွဲ”ကို၂၀၂၄ခုနှစ်၊ဖေဖော်ဝါရီလ၄ရက်နေ့နေ့လယ်ပိုင်းတွင်စက်မှုဝန်ကြီးဌာန၊ရုံးအမှတ်(၃၀)အစည်းအဝေးခန်းမ၌Hybridပုံစံဖြင့်ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါဆွေးနွေးပွဲသို့စက်မှုဝန်ကြီးဌာန၊ဆက်စပ်ဌာနများနှင့်ပုဂ္ဂလိကအသင်းအဖွဲ့များမှတာဝန်ရှိသူများIn-person (၈၉) ဦး ၊Onlineမှ (၆၄) ဦး၊ စုစုပေါင်း (၁၅၃) ဦး တက်ရောက်ခဲ့ကြ ပါသည်။
2024-10-22
Regional Comprehensive Economic Partnership-RCEP သဘောတူစာချုပ် ဆိုင်ရာ အချက်အလက်များ pdf ဖိုင်တွင် လေ့လာဖတ်ရှုနိုင်ပါကြောင်း MSME လုပ်ငန်းရှင်များ သိရှိနိုင်ပါရန် သတင်းအချက်အလက် ဖြန့်ဝေအပ်ပါသည်။
2024-10-19
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စားသုံးဆီများ၏ လက်လီ/လက်ကား ဒေသ ဈေးနှုန်းများ၊ ဝါ၊ ဝါဂွမ်း၊ ဝါစေ့၊ ပြည်တွင်းထုတ်ချည်နှင့် ပြည်ပမှတင်သွင်းသည့် ချည်တို့၏ ဈေးနှုန်းများအား pdf ဖိုင်တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။
2024-10-15
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီ အစည်းအဝေးကို (၂/၂၀၂၄)ကို နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ကျင်းပရပြုလုပ်ခဲ့ရာ အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ရင်းနှီးမြှပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စီပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးပြည်ထောင်စုဝန်ကြီးဦးထွန်းအုံ၊ သိပ္ပံနှင်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ လုပ်ငန်းကော်မတီအဖွဲ့ဝင် ဒုတိယ ဝန်ကြီးများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ်ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘဏ်များအသင်းဒုတိယ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းဒုတိယဥက္ကဋ္ဌ၊ မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်းဥက္ကဋ္ဌ နှင့် စက်မှုဝန်ကြီးဌာနမှတာဝန်ရှိသူများ တက်ရောက် ခဲ့ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များက ဗွီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ခဲ့ကြပါ သည်။ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြား ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက် ဖြစ်သည့် စိုက်ပျိုးမွေးမြူရေးအခြေခံဒေသထွက်ကုန်များကို တိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့် ကုန်ထုတ်လုပ်မှုနှင့် စက်မှုလုပ်ငန်းများပိုမိုလည်ပတ်နိုင်ပြီး ထိုမှတဆင့် ဝန်ဆောင်မှု လုပ်ငန်းများလည်း တိုးတက်လာရန်စေရန်နှင့်နိုင်ငံ၏ GDP တိုးတက်လာနိုင်ရေး၊ စားသောက်ကုန် များကိုသာမက အခြားလူသုံးကုန်ပစ္စည်းများကိုလည်း အရည်အသွေးပြည့်မှီစွာ ပြည်တွင်း၌ ထုတ်လုပ်နိုင်ပြီး ပြည်ပမှတင်သွင်းနေမှုများကို လျှော့ချနိုင်ရေး၊ ပြည်တွင်းထုတ်လုပ်သည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အားပေးဆောင်ရွက်သွားနိုင်ရေး၊ အရည်အ‌သွေးမြင့်ချည်မြှင် ရှည်ဝါများကို အာရုံစိုက်ပြီး စိုက်ပျိုးခြင်းမှသည် အဆင့်မီအထည်အလိပ် ထုတ်လုပ်ခြင်းအထိ ဝါတန်ဖိုး ကွင်းဆက်တစ်ခုလုံး တိုးတက်ကောင်းမွန်လာအောင်ဆောင်ရွက်နိုင်ရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေးတို့ကို အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် ပံ့ပိုးဆောင်ရွက်ပေးရမည့်ကိစ္စရပ်များကို ဝိုင်းဝန်းဆောင်ရွက် ပေးနိုင်ရန်၊ လုပ်ငန်းကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် သက်ဆိုင်ရာဝန်ကြီး ဌာန/အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအေဂျင်စီများက တွန်းအားပေးလုပ်ဆောင်နိုင်ရန်နှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များချမှတ်ဆောင်ရွက်နိုင်ရန်တို့အတွက် ကျင်းပရခြင်း ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ထို့နောက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကော်မတီသို့ တင်ပြသည့် အမှာစာများကို အေဂျင်စီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့ဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ အလုပ်သမားဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးဝင်းရှိန်တို့က ဖတ်ကြားတင်ပြခဲ့ကြသည်။ ဆက်လက်၍ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့် ဒုတိယဥက္ကဋ္ဌ(၂) စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း တို့က နိုင်ငံတော်ဝန်ကြီးချုပ်၏လမ်းညွှန်ချက်ဖြစ်သည့် ဝါ၊ ချည်ထည်နှင့်ဆီထွက်သီးနှံလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ MSME ဖွံ့ဖြိုးတိုးတက်စေရေး မူဝါဒများချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါနှင့်အညီထုတ်ချေးထား သည့် ချေးငွေဆိုင်ရာအချက်အလက်များ၊ ချေးငွေဆိုင်ရာစည်းမျဉ်းစည်းကမ်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးအခြေခံ တန်ဖိုးမြှင့် ထုတ်ကုန်များ နှင့် OROP လုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း လုပ်ငန်းကော်မတီအဖွဲ့ဝင် ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး / ပြည်နယ်များမှ ပြည်ထောင်စု ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ အသင်းအဖွဲ့များမှ ပညာရှင်များက ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် လမ်းညွှန်ချက်များအပေါ် သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်လျက်ရှိမှု၊ ပြည်ပကုန်စည်ပြပွဲများတွင် MSMEs ထုတ်ကုန်များ ပါဝင်ပြသခဲ့မှု သက်မွေးသင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေမှု၊ ပြည်တွင်း / ပြည်ပဈေးကွက် သုတေသနလုပ်ငန်းဖွံ့ဖြိုးရေးလုပ်ငန်းများ အားပေးဆောင်ရွက်လျက်ရှိမှု MSME ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၊ မူဘောင်များနှင့်စပ်လဉ်း၍ အသီးသီးရှင်းလင်းဆွေးနွေး တင်ပြခဲ့ကြပါသည်။ ထို့နောက် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အသီးသီးရှင်းလင်းဆွေးနွေး တင်ပြချက်များအပေါ် ပေါင်းစပ် ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။