NEWS
2024-10-15
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီ
အစည်းအဝေးကို (၂/၂၀၂၄)ကို နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ကျင်းပရပြုလုပ်ခဲ့ရာ အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ
နိုင်ငံတော်စီမံ အုပ်ချုပ်ရေး
ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း
တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။ အစည်းအဝေးသို့
ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ရင်းနှီးမြှပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးပြည်ထောင်စုဝန်ကြီး
ဦးလှမိုး၊ စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး
ဒေါက်တာချာလီသန်း၊ စီပွားရေးနှင့်ကူးသန်း
ရောင်းဝယ်ရေးပြည်ထောင်စုဝန်ကြီးဦးထွန်းအုံ၊
သိပ္ပံနှင်နည်းပညာဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်
လုပ်ငန်းကော်မတီအတွင်းရေးမှူး၊
လုပ်ငန်းကော်မတီအဖွဲ့ဝင်
ဒုတိယ ဝန်ကြီးများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း
ချုပ်ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌ၊
မြန်မာနိုင်ငံဘဏ်များအသင်းဒုတိယ
ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းဒုတိယဥက္ကဋ္ဌ၊
မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်းဥက္ကဋ္ဌ
နှင့် စက်မှုဝန်ကြီးဌာနမှတာဝန်ရှိသူများ
တက်ရောက် ခဲ့ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များက
ဗွီဒီယိုကွန်ဖရင့်ဖြင့်
တက်ရောက်ခဲ့ကြပါ သည်။ အသေးစား၊
အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး
လုပ်ငန်း ကော်မတီဥက္ကဋ္ဌ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက
အဖွင့်အမှာစကား ပြောကြား ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်၏
လမ်းညွှန်မှာကြားချက် ဖြစ်သည့်
စိုက်ပျိုးမွေးမြူရေးအခြေခံဒေသထွက်ကုန်များကို
တိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့်
ကုန်ထုတ်လုပ်မှုနှင့်
စက်မှုလုပ်ငန်းများပိုမိုလည်ပတ်နိုင်ပြီး ထိုမှတဆင့် ဝန်ဆောင်မှု လုပ်ငန်းများလည်း
တိုးတက်လာရန်စေရန်နှင့်နိုင်ငံ၏ GDP တိုးတက်လာနိုင်ရေး၊ စားသောက်ကုန် များကိုသာမက
အခြားလူသုံးကုန်ပစ္စည်းများကိုလည်း အရည်အသွေးပြည့်မှီစွာ ပြည်တွင်း၌
ထုတ်လုပ်နိုင်ပြီး ပြည်ပမှတင်သွင်းနေမှုများကို လျှော့ချနိုင်ရေး၊
ပြည်တွင်းထုတ်လုပ်သည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အားပေးဆောင်ရွက်သွားနိုင်ရေး၊
အရည်အသွေးမြင့်ချည်မြှင် ရှည်ဝါများကို အာရုံစိုက်ပြီး စိုက်ပျိုးခြင်းမှသည်
အဆင့်မီအထည်အလိပ် ထုတ်လုပ်ခြင်းအထိ ဝါတန်ဖိုး ကွင်းဆက်တစ်ခုလုံး
တိုးတက်ကောင်းမွန်လာအောင်ဆောင်ရွက်နိုင်ရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးအတွက်
ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေးတို့ကို အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့်
ပံ့ပိုးဆောင်ရွက်ပေးရမည့်ကိစ္စရပ်များကို ဝိုင်းဝန်းဆောင်ရွက် ပေးနိုင်ရန်၊
လုပ်ငန်းကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် သက်ဆိုင်ရာဝန်ကြီး ဌာန/အဖွဲ့အစည်းများ၊
ဒေသဆိုင်ရာအေဂျင်စီများက တွန်းအားပေးလုပ်ဆောင်နိုင်ရန်နှင့်
ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များချမှတ်ဆောင်ရွက်နိုင်ရန်တို့အတွက်
ကျင်းပရခြင်း ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ထို့နောက် အသေးစား၊
အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ
ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကော်မတီသို့
တင်ပြသည့် အမှာစာများကို အေဂျင်စီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့ဥက္ကဋ္ဌ
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ အလုပ်သမားဝန်ကြီးဌာနဒုတိယဝန်ကြီး
ဦးဝင်းရှိန်တို့က ဖတ်ကြားတင်ပြခဲ့ကြသည်။
ဆက်လက်၍
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ
ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကော်မတီ
ဒုတိယဥက္ကဋ္ဌ(၁) ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့် ဒုတိယဥက္ကဋ္ဌ(၂) စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း တို့က နိုင်ငံတော်ဝန်ကြီးချုပ်၏လမ်းညွှန်ချက်ဖြစ်သည့်
ဝါ၊ ချည်ထည်နှင့်ဆီထွက်သီးနှံလုပ်ငန်းများ
အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊
MSME ဖွံ့ဖြိုးတိုးတက်စေရေး
မူဝါဒများချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊
နိုင်ငံတော်မှ ချမှတ်ထားသည့်
မူဝါနှင့်အညီထုတ်ချေးထား
သည့် ချေးငွေဆိုင်ရာအချက်အလက်များ၊
ချေးငွေဆိုင်ရာစည်းမျဉ်းစည်းကမ်းများ၊
စိုက်ပျိုးရေး၊ မွေးမြူရေးအခြေခံ တန်ဖိုးမြှင့် ထုတ်ကုန်များ နှင့် OROP လုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း
လုပ်ငန်းကော်မတီအဖွဲ့ဝင်
ပြည်ထောင်စု ဝန်ကြီးများ၊
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊
တိုင်းဒေသကြီး /
ပြည်နယ်များမှ ပြည်ထောင်စု ဝန်ကြီးများနှင့်
ဒုတိယဝန်ကြီးများ အသင်းအဖွဲ့များမှ ပညာရှင်များက ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များနှင့်
လမ်းညွှန်ချက်များအပေါ်
သက်ဆိုင်ရာကဏ္ဍအလိုက်
အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုနှင့်
ဆောင်ရွက်လျက်ရှိမှု၊
ပြည်ပကုန်စည်ပြပွဲများတွင် MSMEs ထုတ်ကုန်များ ပါဝင်ပြသခဲ့မှု
သက်မွေးသင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေမှု၊
ပြည်တွင်း /
ပြည်ပဈေးကွက် သုတေသနလုပ်ငန်းဖွံ့ဖြိုးရေးလုပ်ငန်းများ
အားပေးဆောင်ရွက်လျက်ရှိမှု MSME ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၊ မူဘောင်များနှင့်စပ်လဉ်း၍
အသီးသီးရှင်းလင်းဆွေးနွေး
တင်ပြခဲ့ကြပါသည်။ ထို့နောက် အသေးစား၊
အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး
လုပ်ငန်းကော်မတီဥက္ကဋ္ဌ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ
ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက
အသီးသီးရှင်းလင်းဆွေးနွေး
တင်ပြချက်များအပေါ် ပေါင်းစပ် ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား
ပြောကြားခဲ့ပါသည်။
2024-10-09
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏
လမ်းညွှန်မှုနှင့်အညီ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ
ပုဒ်မ ၂၀(ဂ) တွင် သတ်မှတ်ပြဋ္ဌာန်းချက်အရ
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေကို
နိုင်ငံတော်၏မတည်ထောက်ပံ့ငွေဖြင့် ထူထောင်ထားရှိပြီး အဆိုပါရန်ပုံငွေမှ ပြည်ထောင်စုနယ်မြေ
နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး
လုပ်ငန်းများသို့ သက်သာသောအတိုးနှုန်းဖြင့် မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် ချေးငွေများ
ထုတ်ချေး ပေးလျက်ရှိပါသည်။အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေမှ ထုတ်ချေးသော ချေးငွေကို ရယူလိုသူ MSME
လုပ်ငန်းရှင်များ ချေးငွေရယူမှု ပိုမိုအဆင်ပြေစေရန် အတွက် မြန်မာ့စီးပွားရေးဘဏ်အပြင်
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့်
ပုဂ္ဂလိကဘဏ် (၁၅) ဘဏ် တွင်လည်း ချေးငွေများ လျှောက်ထားနိုင်ပြီဖြစ်ပါသည်-
(က) မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်
(ခ) ကမ္ဘာ့ရတနာဘဏ်လီမိတက်၊
(ဂ) ရွှေ(ကျေးလက်နှင့်မြို့ပြ)ဖွံ့ဖြိုးတိုးတက်ရေးဘဏ်လီမိတက်၊
(ဃ) ပထမပုဂ္ဂလိကဘဏ်လီမိတက်၊
(င) ကမ္ဘောဇဘဏ်လီမိတက်၊
(စ) အသေးစားနှင့်အလတ်စားလုပ်ငန်းများ
ဖွံ့ဖြိုးရေးဘဏ်လီမိတက်၊
(ဆ) မြန်မာ့အရှေ့တိုင်းဘဏ်လီမိတက်၊
(ဇ) မြန်မာ့ခရီးသွားဘဏ်လီမိတက်၊
(ဈ) မြန်မာနိုင်ငံသားများဘဏ်လီမိတက်၊
(ည) သမဝါယမဘဏ်လီမိတက်၊
(ဋ) မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်၊
(ဌ) မြန်မာမက်ထရိုဘဏ်လီမိတက်၊
(ဍ) ဧရာဝတီဘဏ်လီမိတက်၊
(ဎ) သတ္ထုဖွံ့ဖြိုးရေးဘဏ်၊
(ဏ) ဆောက်လုပ်ရေး၊
အိမ်ရာနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်၊
(တ) ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်လီမိတက်၊ အသေးစား၊ အငယ်စားနှင့်
အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ချေးငွေ
လျှောက်ထားရာတွင် ပြည်ထောင်စုနယ်မြေ/တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီရုံးခွဲများမှတစ်ဆင့်
လျှောက်ထားနိုင်ပြီး နီးစပ်ရာ MSME အေဂျင်စီရုံးခွဲများသို့
ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါကြောင်း
အသိပေးကြေညာချက်အား pdf
ဖိုင်တွင် ဖတ်ရှုနိုင်ပါကြောင်း MSME လုပ်ငန်းရှင်များ
သိရှိနိုင်ပါရန် သတင်းကောင်းပါးအပ်ပါသည်။
2024-09-27
အာဆီယံ-သြစတြေးလျ-နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် အတွက်AANZFTA Regional Trade for Development Initiativeအား ဆောင်ရွက်နိုင်ရန် ကျွမ်းကျင်သူများအဖွဲ့ (Panel of Experts)ကို ဖွဲ့စည်းနိုင်ရေးဆောင်လျက်ရှိပါသည်။ အဆိုပါအဖွဲ့အတွက်ExpertsများကိုPre-Screen ပြုလုပ်၍ ရွေးချယ်မည် ဖြစ်ပါသဖြင့်(RT4D) Programလိုအပ်ချက်နှင့်ကိုက်ညီသည့် နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများ အနေဖြင့် တစ်ဦးချင်း (သို့မဟုတ်) အဖွဲ့အစည်းများမှ ဝင်ရောက်လျှောက်ထားနိုင်မည် ဖြစ်ပါသည်။ Pre-screenedExpretsများအနေဖြင့်RD4D Projectအဆင့်တိုင်းအတွက် အရည်အသွေးမြင့် နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှုများကို ဆောင်ရွက်ပေးနိုင်ရမည် ဖြစ်ပါသည်။ ကျွမ်းကျင်သူများအဖွဲ့တွင် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်(FTA)အကောင် အထည်ဖော်ရေးဆိုင်ရာ နည်းပညာဆိုင်ရာအဖွဲ့နှင့် ကျားမတန်းတူညီမျှမှု၊ မသန်စွမ်းမှုနှင့် လူမှုရေးဆိုင်ရာ များဆောင်ရွက်သည့် အဖွဲ့ ဟူ၍ နှစ်ပိုင်း ပါဝင်မည် ဖြစ်ပါသည်။ RT4Dအတွက်Panel of Expertsအဖွဲ့တွင် ပါဝင်လိုသော တစ်ဦးချင်းနှင့် အဖွဲ့အစည်းများအား Expressions of interest(EoI)ဖိတ်ခေါ်လျက်ရှိပြီး စိတ်ပါဝင်စားသည့် တစ်ဦးချင်း/အဖွဲ့အစည်းများအနေဖြင့် အသေးစိတ်အချက်အလက်များကို အောက်ဖော်ပြပါLinkသို့ ဝင်ရောက်လေ့လာ၍(၂၉.၉.၂၀၂၄) ရက်နေ့နောက်ဆုံးထား လျှောက်ထားရမည် ဖြစ်ပါကြောင်း သတင်းအချက်အလက် ဖြန့်ဝေအပ်ပါသည်။https://regional-trade4dev.org/participate/join-our-panel-of-technical-experts-regional-trade-for-development-initiative-rt4d
2024-09-27
အာဆီယံ-သြစတြေးလျ-နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် အတွက်AANZFTA Regional Trade for Development Initiativeအား ဆောင်ရွက်နိုင်ရန် ကျွမ်းကျင်သူများအဖွဲ့ (Panel of Experts)ကို ဖွဲ့စည်းနိုင်ရေးဆောင်လျက်ရှိပါသည်။ အဆိုပါအဖွဲ့အတွက်ExpertsများကိုPre-Screen ပြုလုပ်၍ ရွေးချယ်မည် ဖြစ်ပါသဖြင့်(RT4D) Programလိုအပ်ချက်နှင့်ကိုက်ညီသည့် နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများ အနေဖြင့် တစ်ဦးချင်း (သို့မဟုတ်) အဖွဲ့အစည်းများမှ ဝင်ရောက်လျှောက်ထားနိုင်မည် ဖြစ်ပါသည်။ Pre-screenedExpretsများအနေဖြင့်RD4D Projectအဆင့်တိုင်းအတွက် အရည်အသွေးမြင့် နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှုများကို ဆောင်ရွက်ပေးနိုင်ရမည် ဖြစ်ပါသည်။ ကျွမ်းကျင်သူများအဖွဲ့တွင် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်(FTA)အကောင် အထည်ဖော်ရေးဆိုင်ရာ နည်းပညာဆိုင်ရာအဖွဲ့နှင့် ကျားမတန်းတူညီမျှမှု၊ မသန်စွမ်းမှုနှင့် လူမှုရေးဆိုင်ရာ များဆောင်ရွက်သည့် အဖွဲ့ ဟူ၍ နှစ်ပိုင်း ပါဝင်မည် ဖြစ်ပါသည်။ RT4Dအတွက်Panel of Expertsအဖွဲ့တွင် ပါဝင်လိုသော တစ်ဦးချင်းနှင့် အဖွဲ့အစည်းများအား Expressions of interest(EoI)ဖိတ်ခေါ်လျက်ရှိပြီး စိတ်ပါဝင်စားသည့် တစ်ဦးချင်း/အဖွဲ့အစည်းများအနေဖြင့် အသေးစိတ်အချက်အလက်များကို အောက်ဖော်ပြပါLinkသို့ ဝင်ရောက်လေ့လာ၍(၂၉.၉.၂၀၂၄) ရက်နေ့နောက်ဆုံးထား လျှောက်ထားရမည် ဖြစ်ပါကြောင်း သတင်းအချက်အလက် ဖြန့်ဝေအပ်ပါသည်။https://regional-trade4dev.org/participate/join-our-panel-of-technical-experts-regional-trade-for-development-initiative-rt4d

