U.S-ASEAN Smart Cities Partnership (USASCP) Business Innovation Fund (BIF) အတွက် Proposal တင်သွင်းနိုင်ရေးအတွက် ဖိတ်ခေါ်လာမှုအား သတင်းဖြန့်ဝေခြင်း
22-11-2024
U.S-ASEAN Smart Cities Partnership (USASCP) Business Innovation Fund (BIF) အတွက် Proposal ခေါ်ယူမှုအား သတင်းအချက်အလက် ဖြန့်ဝေပေးပါရန် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အကြောင်း ကြားလာပါသည်။ အဆိုပါ Projectသည် အာဆီယံနိုင်ငံများအတွင်းရှိ မြို့ပြစိန်ခေါ်မှုများအတွက် Carbon Neutral Solution နှင့်စပ်လျဉ်း၍ စွန့်ဦးဆောင်ရွက်နေသည့် NGO များ၊ ပညာရပ်ဆိုင်ရာအဖွဲ့အစည်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများကို ပံ့ပိုးကူညီရန်ဖြစ်ပြီး US$ 200,000 မှ $400,000 အထိ အထောက်အပံ့ပေးအပ်မည်ဖြစ်ပါသည်။ အသေးစိတ်အချက် အလက်မျာ ကို https://www.usascp.org/apply/ တွင်လည်းဝင်ရောက်လေ့လာနိုင်မည် ဖြစ်ပါသည်။သို့ဖြစ်ပါ၍ သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် စိတ်ပါဝင်စားသူများ Proposal တင်သွင်းနိုင်ရေးအတွက် သတင်းအချက်အလက်ဖြန့်ဝေအပ်ပါသည်။