The Republic of the Union of Myanmar

Ministry of Industry

Directorate of Industrial Supervision and Inspection

(Department of Micro, Small and Medium Enterprises Development)

NEWS

2024-10-09
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုနှင့်အညီ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ ပုဒ်မ ၂၀(ဂ) တွင် သတ်မှတ်ပြဋ္ဌာန်းချက်အရ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေကို နိုင်ငံတော်၏မတည်ထောက်ပံ့ငွေဖြင့် ထူထောင်ထားရှိပြီး အဆိုပါရန်ပုံငွေမှ ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများသို့ သက်သာသောအတိုးနှုန်းဖြင့် မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် ချေးငွေများ ထုတ်ချေး ပေးလျက်ရှိပါသည်။အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေမှ ထုတ်ချေးသော ချေးငွေကို ရယူလိုသူ MSME လုပ်ငန်းရှင်များ ချေးငွေရယူမှု ပိုမိုအဆင်ပြေစေရန် အတွက် မြန်မာ့စီးပွားရေးဘဏ်အပြင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် (၁၅) ဘဏ် တွင်လည်း ချေးငွေများ လျှောက်ထားနိုင်ပြီဖြစ်ပါသည်- (က) မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ခ) ကမ္ဘာ့ရတနာဘဏ်လီမိတက်၊ (ဂ) ရွှေ(ကျေးလက်နှင့်မြို့ပြ)ဖွံ့ဖြိုးတိုးတက်ရေးဘဏ်လီမိတက်၊ (ဃ) ပထမပုဂ္ဂလိကဘဏ်လီမိတက်၊ (င) ကမ္ဘောဇဘဏ်လီမိတက်၊ (စ) အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်လီမိတက်၊ (ဆ) မြန်မာ့အရှေ့တိုင်းဘဏ်လီမိတက်၊ (ဇ) မြန်မာ့ခရီးသွားဘဏ်လီမိတက်၊ (ဈ) မြန်မာနိုင်ငံသားများဘဏ်လီမိတက်၊ (ည) သမဝါယမဘဏ်လီမိတက်၊ (ဋ) မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်၊ (ဌ) မြန်မာမက်ထရိုဘဏ်လီမိတက်၊ (ဍ) ဧရာဝတီဘဏ်လီမိတက်၊ (ဎ) သတ္ထုဖွံ့ဖြိုးရေးဘဏ်၊ (ဏ) ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်၊ (တ) ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်လီမိတက်၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ချေးငွေ လျှောက်ထားရာတွင် ပြည်ထောင်စုနယ်မြေ/တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီရုံးခွဲများမှတစ်ဆင့် လျှောက်ထားနိုင်ပြီး နီးစပ်ရာ MSME အေဂျင်စီရုံးခွဲများသို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါကြောင်း အသိပေးကြေညာချက်အား pdf ဖိုင်တွင် ဖတ်ရှုနိုင်ပါကြောင်း MSME လုပ်ငန်းရှင်များ သိရှိနိုင်ပါရန် သတင်းကောင်းပါးအပ်ပါသည်။
2024-09-27
-
2024-09-27
အာဆီယံ-သြစတြေးလျ-နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် အတွက်AANZFTA Regional Trade for Development Initiativeအား ဆောင်ရွက်နိုင်ရန် ကျွမ်းကျင်သူများအဖွဲ့ (Panel of Experts)ကို ဖွဲ့စည်းနိုင်ရေးဆောင်လျက်ရှိပါသည်။ အဆိုပါအဖွဲ့အတွက်ExpertsများကိုPre-Screen ပြုလုပ်၍ ရွေးချယ်မည် ဖြစ်ပါသဖြင့်(RT4D) Programလိုအပ်ချက်နှင့်ကိုက်ညီသည့် နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများ အနေဖြင့် တစ်ဦးချင်း (သို့မဟုတ်) အဖွဲ့အစည်းများမှ ဝင်ရောက်လျှောက်ထားနိုင်မည် ဖြစ်ပါသည်။ Pre-screenedExpretsများအနေဖြင့်RD4D Projectအဆင့်တိုင်းအတွက် အရည်အသွေးမြင့် နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှုများကို ဆောင်ရွက်ပေးနိုင်ရမည် ဖြစ်ပါသည်။ ကျွမ်းကျင်သူများအဖွဲ့တွင် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်(FTA)အကောင် အထည်ဖော်ရေးဆိုင်ရာ နည်းပညာဆိုင်ရာအဖွဲ့နှင့် ကျားမတန်းတူညီမျှမှု၊ မသန်စွမ်းမှုနှင့် လူမှုရေးဆိုင်ရာ များဆောင်ရွက်သည့် အဖွဲ့ ဟူ၍ နှစ်ပိုင်း ပါဝင်မည် ဖြစ်ပါသည်။ RT4Dအတွက်Panel of Expertsအဖွဲ့တွင် ပါဝင်လိုသော တစ်ဦးချင်းနှင့် အဖွဲ့အစည်းများအား Expressions of interest(EoI)ဖိတ်ခေါ်လျက်ရှိပြီး စိတ်ပါဝင်စားသည့် တစ်ဦးချင်း/အဖွဲ့အစည်းများအနေဖြင့် အသေးစိတ်အချက်အလက်များကို အောက်ဖော်ပြပါLinkသို့ ဝင်ရောက်လေ့လာ၍(၂၉.၉.၂၀၂၄) ရက်နေ့နောက်ဆုံးထား လျှောက်ထားရမည် ဖြစ်ပါကြောင်း သတင်းအချက်အလက် ဖြန့်ဝေအပ်ပါသည်။https://regional-trade4dev.org/participate/join-our-panel-of-technical-experts-regional-trade-for-development-initiative-rt4d

2024-09-09
2024-09-04
2024-08-27
2024-08-06
2024-07-17
2024-07-03
2024-06-28
2024-06-25