“နို့ထွက်ပစ္စည်းနှင့်ဝိုင် အစပျိုးစီးပွားရေးလုပ်ငန်း (Business Startup) များအတွက် လိုအပ်ချက်များ ပံ့ပိုးနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲ” ကျင်းပပြုလုပ်မှု သတင်းစဉ်
06-12-2024
“နို့ထွက်ပစ္စည်းနှင့်ဝိုင် အစပျိုးစီးပွားရေးလုပ်ငန်း (Business Startup) များအတွက် လိုအပ်ချက်များ
ပံ့ပိုးနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲ” ကို
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့ နေ့လယ်ပိုင်းတွင် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊
ရုံးအမှတ် (၃၇)၌ Online Zoom
Meeting
ပုံစံဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့
စက်မှု ဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် ဆက်စပ်ဌာနများ၊
ပုဂ္ဂလိက အသင်း အဖွဲ့များမှ
တာဝန်ရှိသူများ စုစုပေါင်း (၁၀၁) ဦး တက်ရောက်ခဲ့ကြပါသည်။