UNDP နှင့် ASEAN Secretariat ပူးပေါင်း၍ Blue Innovation Expo and Business Matching ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ကုန်စည်ပြပွဲတွင် ASEAN Blue Innovation Challenge မှ ဆုရရှိသူများမှ ပြသမည်ဖြစ်ပြီး အဆိုပါ ဆုရစာရင်းတွင် အဏ္ဏဝါပလတ်စတစ်ညစ်ညမ်းမှု၊ ရေရှည် တည်တံ့သော ငါးဖမ်းလုပ်ငန်း၊ ရေရှည်တည်တံ့သောခရီးသွားလုပ်ငန်းနှင့် ရာသီဥတုပြဿနာများကို ဖြေရှင်း ရန်အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံ (AMS) နိုင်ငံများနှင့် Timor Leste နိုင်ငံတို့မှ ဆန်းသစ် တီထွင်မှုရှိသည့် လုပ်ငန်းရှင် (၆၀) ဦး ပါဝင်မည် ဖြစ်ပါသည်။
အဆိုပါ ASEAN Blue Innovation Expo and Business
Matching သို့ စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များအနေဖြင့် Flyer တွင်ပါရှိသည့် Link/ QR Code ဖြင့် ဝင်ရောက်၍ Register ပြုလုပ် လျှောက်ထားနိုင်ကြောင်း သတင်းအချက်အလက် ဖြန့်ဝေအပ်ပါသည်။