ASEAN SME Policy Index (2024) အရ မြန်မာ SME လုပ်ငန်းများ၏မူဝါဒအညွှန်းကိန်းနှင့်ပတ်သက်၍ရှေ့ဆက်ဆောင်ရွက်မှုဆိုင်ရာညှိနှိုင်းဆွေးနွေးပွဲကျင်းပပြုလုပ်မှုသတင်းစဉ်
08-11-2024
“ASEAN SME Policy Index (2024) အရ မြန်မာ SME လုပ်ငန်းများ၏မူဝါဒအညွှန်းကိန်းနှင့်ပတ်သက်၍ရှေ့ဆက်ဆောင်ရွက်မှုဆိုင်ရာညှိနှိုင်းဆွေးနွေးပွဲ”ကို ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့ နေ့လယ်ပိုင်းတွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ Hybrid ပုံစံဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ စက်မှုဝန်ကြီးဌာန၊ ဆက်စပ်ဌာနများနှင့် ပုဂ္ဂလိကအသင်းအဖွဲ့များမှ တာဝန်ရှိသူများ In-person (၈၉) ဦး ၊ Online မှ (၆၄) ဦး၊ စုစုပေါင်း (၁၅၃) ဦး တက်ရောက်ခဲ့ကြ ပါသည်။