MSMEs များအတွက် Digital Readiness Assessment Tool ကို အသေးစား၊ အလတ်စားနှင့် အလတ်စားလုပ်ငန်းများဆိုင်ရာ အာဆီယံ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (ACCMSME) နှင့် ASEAN Connectivity Coordinating Committee (ACCC) နှင့် Japan-ASEAN Integration Fund (JAIF) မှ ပံ့ပိုးကူညီမှုဖြင့် ဖန်တီးထားပြီး MSME လုပ်ငန်းများအတွက် ဒစ်ဂျစ်တယ်အသုံးပြုမှုတွင် ကွာဟချက်များအား ရှာဖွေဖော်ထုတ်နိုင်ရန်၊ ဒစ်ဂျစ်တယ်အသုံးပြုမှု ကျွမ်းကျင်မှုရှိစေရေးအတွက် အားပေးမြှင့်တင်ရန်၊ အာဆီယံ၏ ဒစ်ဂျစ်တယ်စီးပွားရေးတွင် အခွင့်အလမ်းသစ်များကို ရှာဖွေနိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ထားခြင်းဖြစ်ပါသည်။
MSME လုပ်ငန်းများအနေဖြင့် ၄င်းတို့လုပ်ငန်းတွင် Technology ၊ People ၊ Product နှင့် Process များနှင့် ပါတ်သက်၍ Digital အသုံးပြုနေမှုအခြေအနေကို အချိန်တိုအတွင်း Self Accessment ပြုလုပ်နိုင်ပြီး Result အနေဖြင့် Digital အသုံးပြုနိုင်ရေးနှင့်စပ်လျဉ်း၍ အကြံပြု/ သုံးသပ်ချက်များကို ချက်ချင်းသိရှိနိုင်မည် ဖြစ်ပါသဖြင့် MSME လုပ်ငန်းများအနေဖြင့် အောက်ဖော် ပြပါ Link တွင် ဝင်ရောက်၍ Self Assessment ပြုလုပ်၍ အသုံးပြုဆောင်ရွက်နိုင်ပါကြောင်း သတင်းအချက်အလက် ဖြန့်ဝေအပ်ပါသည်။
Digital Readiness Assessment Tool for MSMEs:
link: https://aseandigitalasessment.my.site.com/msmeportal/s/?language=en_US