“ပြည်တွင်းထုတ် ကတ်ကြေး၊ဓား ထုတ်ကုန်များ အရည်အသွေးမြှင့် ထုတ်လုပ်နိုင်ရေးနှင့် ဈေးကွက်တိုးတက်မှုရရှိရေး ဆွေးနွေးပွဲ” သတင်းစဉ်
26-03-2025
“ပြည်တွင်းထုတ် ကတ်ကြေး၊ ဓား ထုတ်ကုန်များ အရည်အသွေးမြှင့် ထုတ်လုပ်နိုင် ရေးနှင့် ဈေးကွက်တိုးတက်မှုရရှိရေး ဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ်၊ မတ်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ၊ ရုံးအမှတ် (၃၀) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ စက်မှုဝန်ကြီးဌာန၊
စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ
သက်ဆိုင်ရာတာဝန်ရှိသူများ၊ MSME Agency မှ အဖွဲ့ဝင်များနှင့် ကတ်ကြေး၊ ဓား ထုတ်လုပ်သူ MSME လုပ်ငန်းရှင်များ၊
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ အမှတ်(၁) အကြီးစားစက်မှု လုပ်ငန်း၊ အမှတ်(၂)
သံမဏိစက်ရုံ(ပင်းပက်)၊ သမဝါယမဦးစီးဌာနများမှတာဝန်ရှိသူများနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတိုမှ In-person
(၄၅) ဦး ၊ Online
(၆၈) ဦး စုစုပေါင်း
(၁၃၃) ဦး တက်ရောက်ခဲ့ကြပါသည်။