ASEAN Social Enterprise Development Program (ASEAN SEDP 4.0) အား လူမှုအကျိုးပြုလုပ်ငန်း(Social Enterprise)များ လျှောက်ထားနိုင်ရန် ဖိတ်ခေါ်လာမှုအား သတင်းအချက်အလက် ဖြန့်ဝေခြင်း
26-02-2025
ASEAN Foundation သည် Tik tok နှင့် SAP တို့၏ ပံ့ပိုးကူညီမှုဖြင့် ၂၀၂၁ ခုနှစ်မှ စတင်၍ ASEAN Social Enterprises Development Program (ASEAN SEDP) များ ပြုလုပ်၍ အာဆီယံဒေသတွင်းရှိ လူမှုအကျိုးပြုစီးပွားရေးလုပ်ငန်းများကို ပံ့ပိုးဆောင်ရွက်ပေးခဲ့ရာ ASEAN SEDP(3.0) အထိ ပြုလုပ်ပြီးဖြစ်ပြီး မြန်မာနိုင်ငံမှ လူမှုအကျိုးပြုလုပ်ငန်းရှင် (၅)ဦး အပါအဝင် စုစုပေါင်း (၇၀) ဦးကို အထောက်အပံ့ပေးခဲ့ပြီးဖြစ်ပါသည်။ ယခုအခါ ASEAN SEDP(4.0) အား အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပါ သဖြင့် လူမှုအကျိုးပြုလုပ်ငန်း (Social Enterprise)များ လျှောက်ထားနိုင်ရေးအတွက် ASEAN Foundation မှ ဖိတ်ခေါ်ထားပြီး ASEAN SEDP(4.0) မှ ပထမဆု ရရှိသူအနေဖြင့် USD 7000 ရရှိမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ စိတ်ပါဝင်စားသည့် မြန်မာနိုင်ငံမှ လူငယ်လူမှု အကျိုးပြုလုပ်ငန်း (Social Enterprise) များအနေဖြင့် အသေးစိတ် အချက်အလက်များကို bit.ly/ASEANSEDP4 တွင် ဝင်ရောက်လေ့လာ၍ (၃၁. ၃. ၂၀၂၅) ရက်နေ့တွင် bit.ly/ASEANSEDP4form မှတဆင့် နောက်ဆုံးထား လျှောက်ထားနိုင်ပါကြောင်း Flyer နှင့်အတူ သတင်းကောင်းပါးအပ်ပါသည်။