The Republic of the Union of Myanmar

Ministry of Industry

Directorate of Industrial Supervision and Inspection

(Department of Micro, Small and Medium Enterprises Development)

NEWS

2025-11-02
SME လုပ်ငန်းရှင်များအနေဖြင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အခြေခံလိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများအား သိရှိနားလည်နိုင်ရေးအတွက် ဂျပန်နိုင်ငံမှ SME လုပ်ငန်းရှင်များအား ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာဖြန့်ဝေနိုင်ရန် ရည်ရွယ်ပြုလုပ်ထားသော “5-Minute Self-Accessment” အား လေ့လာဖတ်ရှုနိုင်ရန် ဖြန့်ဝေအပ်ပါသည်။
2025-09-30
ရန်ကုန်သုတေသနဓာတ်ခွဲခန်းမှ စားသောက်ကုန်လုပ်ငန်းများအတွက် ဓာတ်ခွဲစမ်းသပ်ပေးနိုင်မည့် အမျိုးအစားများနှင့် ကုန်ကျစရိတ်များကို MSME လုပ်ငန်းရှင်များ သိရှိနိုင်ရေးအတွက် ဖြန့်ဝေအပ်ပါသည်။
2025-09-30
ပြင်ဦးလွင်သုတေသနဓာတ်ခွဲခန်းမှ စားသောက်ကုန်လုပ်ငန်းများအတွက် ဓာတ်ခွဲစမ်းသပ်ပေးနိုင်မည့်အမျိုးအစားများနှင့် ကုန်ကျစရိတ်များကို MSME လုပ်ငန်းရှင်များ သိရှိနိုင်ရေးအတွက် ဖြန့်ဝေအပ်ပါသည်။
2025-09-30
RCEP Agreement ၊ Chapter - 14 တွင်ပါဝင်သည့် MSME ကဏ္ဍပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများအား MSME လုပ်ငန်းရှင်များအနေဖြင့် အောက်ဖော်ပြပါ Link တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။https://asean.org/wp-content/uploads/2024/10/Regional-Comprehensive-Economic-Partnership-RCEP-Agreement-Full-Text.pdf?utm_source=chatgpt.com
2025-09-30
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဖွဲ့စည်းထားအာခြင်းအား သိရှိနိုင်ပါရန် ဖြန့်ဝေအပ်ပါသည်။
2025-07-14
ASEAN Japan Center မှ ဦးဆောင်၍ အာဆီယံဒေသတွင်းရှိ အမျိုးသမီး လူမှုရေး စွန့်ဦးတီထွင်သူများ (Women Social Entrepreneurs) များ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများကို လေ့လာသိရှိနိုင်စေရေးအတွက် ၂၀၂၅ ခုနှစ်၊ သြဂုတ်လတွင် တစ်ပတ်လျှင် တစ်ကြိမ်၊ (၃) ရက် ကြာ Online မှတဆင့် ဆွေးနွေးပွဲ ပြုလုပ်မည်ဖြစ်ပါသဖြင့် (၁၈. ၇. ၂၀၂၅) ရက်နေ့ နောက်ဆုံးထား၍ အောက်ဖော်ပြပါ Link တွင် ဝင်ရောက်လျှောက်ထား နိုင်ပါကြောင်း စိတ်ပါဝင်စားသည့် အမျိုးသမီးလူမှုရေးစွန့်ဦးတီထွင်သူများ (Women Social Entrepreneurs)များ လျှောက်ထားနိုင်ရေးအတွက် သတင်းအချက်အလက် ဖြန့်ဝေအပ်ပါသည်- လျှောက်ထားရန် link - https://forms.office.com/r/kceJrV8vQE
2025-07-03
"Switch to Green: Recycled Plastic for Sustainable Value Chain" ခေါင်းစဉ်ဖြင့် Virtual market talk ကို ASEAN Access Learn Platform (https://learn.aseanaccess.com) တွင် (၄. ၇. ၂၀၂၅) ရက်နေ့၊ ထိုင်းနိုင်ငံစံတော်ချိန် (၉:၃၀) နာရီမှ (၁၂:၀၀) နာရီ အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး recycled plastic market အခြေအနေ၊ recycled industry အတွက် စိန်ခေါ်မှုများနှင့် plastic recycling businesses များ၏ အတွေ့အကြုံများနှင့်စပ်လျဉ်း၍ ဆွေးနွေးပို့ချမည် ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များအနေဖြင့် https://learn.aseanaccess.com တွင် Register ပြုလုပ်၍ တက်ရောက်နိုင်ရေးအတွက် သတင်းအချက်အလက် ဖြန့်ဝေအပ်ပါသည်။
2025-06-28
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနေ့ ၂၀၂၅ (MSME Day 2025) အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့တွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွား ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ(၁) ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ MSME လုပ်ငန်းရှင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဒေသဆိုင်ရာ MSME အေဂျင်စီ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက Virtual ဖြင့် တက်ရောက်ခဲ့ကြပါသည်။
2025-05-21
ASEAN Access Learn Platform တွင် အာဆီယံဒေသတွင်း SME လုပ်ငန်းများ ဈေးကွက်ချဲ့ထွင်နိုင်ရေး အတွက် e-commerence ၊ Export နှင့် Import ဆိုင်ရာ သင်တန်းများကို ပို့ချလျှက်ရှိရာကမ္ဘာလုံးဆိုင်ရာ အစိမ်းရောင် ထုတ်ကုန်ဈေးကွက်အကြောင်း နားလည်နိုင်စေရန်၊ ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်မှုမှတစ်ဆင့် အာဆီယံနိုင်ငံများရှိ လုပ်ငန်းရှင်များအတွက် ရေရှည် တည်တံ့သော ယှဉ်ပြိုင် နိုင်စွမ်းရှိစေရန်တို့အတွက် ရည်ရွယ်၍ Switch to Green: Green Market, Market of SustainabilityVirtual Training ကို (၂၃. ၅. ၂၀၂၅) ရက်နေ့၊ ထိုင်းနိုင်ငံစံတော်ချိန် (၁၀:၀၀)နာရီမှ (၁၂:၀၀) နာရီ အထိ ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့်စိတ်ပါဝင်စားသော MSME လုပ်ငန်းရှင်များအနေဖြင့် ASEAN Access Learn (https://learn.aseanaccess.com/)တွင် (၂၁. ၅. ၂၀၂၅)ရက်နေ့နောက်ဆုံးထား၍ Register ပြုလုပ်ပြီး တက်ရောက်နိုင်ပါကြောင်း သတင်းအချက်အလက် ဖြန့်ဝေအပ်ပါသည်။
2025-05-14
MSMEs များအတွက်Digital Readiness Assessment Tool ကိုအသေးစား၊ အလတ်စားနှင့် အလတ်စားလုပ်ငန်းများဆိုင်ရာ အာဆီယံ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (ACCMSME) နှင့် ASEAN Connectivity Coordinating Committee (ACCC) နှင့် Japan-ASEAN Integration Fund (JAIF) မှ ပံ့ပိုးကူညီမှုဖြင့် ဖန်တီးထားပြီး MSME လုပ်ငန်းများအတွက် ဒစ်ဂျစ်တယ်အသုံးပြုမှုတွင် ကွာဟချက်များအား ရှာဖွေဖော်ထုတ်နိုင်ရန်၊ ဒစ်ဂျစ်တယ်အသုံးပြုမှု ကျွမ်းကျင်မှုရှိစေရေးအတွက် အားပေးမြှင့်တင်ရန်၊ အာဆီယံ၏ ဒစ်ဂျစ်တယ်စီးပွားရေးတွင် အခွင့်အလမ်းသစ်များကို ရှာဖွေနိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ထားခြင်းဖြစ်ပါသည်။ MSME လုပ်ငန်းများအနေဖြင့် ၄င်းတို့လုပ်ငန်းတွင် Technology ၊ People ၊ Product နှင့် Process များနှင့် ပါတ်သက်၍ Digital အသုံးပြုနေမှုအခြေအနေကို အချိန်တိုအတွင်း Self Accessment ပြုလုပ်နိုင်ပြီး Result အနေဖြင့် Digital အသုံးပြုနိုင်ရေးနှင့်စပ်လျဉ်း၍ အကြံပြု/ သုံးသပ်ချက်များကို ချက်ချင်းသိရှိနိုင်မည် ဖြစ်ပါသဖြင့် MSME လုပ်ငန်းများအနေဖြင့် အောက်ဖော် ပြပါ Link တွင် ဝင်ရောက်၍ Self Assessment ပြုလုပ်၍ အသုံးပြုဆောင်ရွက်နိုင်ပါကြောင်း သတင်းအချက်အလက် ဖြန့်ဝေအပ်ပါသည်။ Digital Readiness Assessment Tool for MSMEs:link:https://aseandigitalasessment.my.site.com/msmeportal/s/?language=en_US
2025-04-29
အာဆီယံဖောင်ဒေးရှင်းသည် TikTok Shop နှင့် ပူးပေါင်း၍ ASEAN SOAR (Supporting Our Artisans and Retailers) Program ကို အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပါသဖြင့် အဆိုပါ အစီအစဉ်အရ ASEAN ဒေသတွင်းရှိ MSME (၅၀) ဦးအား ရွေးချယ်၍ Digital စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်နိုင်ရန်၊ လိုအပ်သော ကျွမ်းကျင်မှုများပံ့ပိုးပေးနိုင်ရေးအတွက် e-commerce ၊ Live လွှင့်ရောင်းချမှု၊ ဒစ်ဂျစ်တယ် စျေးကွက်ရှာဖွေရေးနှင့် Tik Tok ကို အသုံးပြု၍ လုပ်ငန်းချဲ့ထွင်ခြင်း ဆိုင်ရာ ကျွမ်းကျင်မှု များနှင့် ကွန်ရက်ချိတ်ဆက်ခြင်းဆိုင်ရာများ စသည့်အခွင့်အလမ်းများရရှိစေရန် ပံ့ပိုး ဆောင်ရွက် ပေးမည်ဖြစ်ပါသဖြင့် သတ်မှတ်ချက်နှင့် ကိုက်ညီသည့် MSME လုပ်ငန်းများအနေဖြင့် (https://bit.ly/ASEANSOARTogether_Form)တွင် (၃၀. ၄. ၂၀၂၅)ရက်နေ့နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါကြောင်း သတင်းအချက်အလက်ဖြန့်ဝေအပ်ပါသည်။
2025-03-26
“ပြည်တွင်းထုတ် ကတ်ကြေး၊ ဓား ထုတ်ကုန်များ အရည်အသွေးမြှင့် ထုတ်လုပ်နိုင် ရေးနှင့် ဈေးကွက်တိုးတက်မှုရရှိရေး ဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ်၊ မတ်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ၊ ရုံးအမှတ် (၃၀) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများ၊ MSME Agency မှ အဖွဲ့ဝင်များနှင့် ကတ်ကြေး၊ ဓား ထုတ်လုပ်သူ MSME လုပ်ငန်းရှင်များ၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ အမှတ်(၁) အကြီးစားစက်မှု လုပ်ငန်း၊ အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)၊ သမဝါယမဦးစီးဌာနများမှတာဝန်ရှိသူများနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတိုမှ In-person (၄၅) ဦး ၊ Online (၆၈) ဦး စုစုပေါင်း (၁၃၃) ဦး တက်ရောက်ခဲ့ကြပါသည်။