“လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှသည်
နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို့” အမျိုးသားအဆင့်
အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင်
နေပြည်တော်ရှိ MICCI-1 ၌ ကျင်းပခဲ့ရာ စက်မှုကြီးကြပ်ရေးနှင့်
စစ်ဆေးရေးဦးစီးဌာန၊ နည်းပညာနှင့် ဈေးကွက်မြှင့်တင်ရေးဌာနမှ ညွှန်ကြားရေးမှူး
ဒေါက်တာ အိရွှေစင်ထွန်းက စိုက်ပျိုးရေးနှင့် အသေးစား၊ အငယ်စား၊ အလတ်စား
စီးပွားရေးလုပ်ငန်းများ (MSMEs) အကြား တန်ဖိုးကွင်းဆက်
ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရေး စာတမ်းတင်သွင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသူများက
သက်ဆိုင်ရာကဏ္ဍများနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး
စာတမ်းရှင်က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
“လယ်ယာမြေမှ
ဈေးကွက်ဆီသို့ - လယ်ယာစိုက်ပျိုးထုတ်လုပ်သူများနှင့် အသေးစား၊ အငယ်စား၊ အလတ်စား
စီးပွားရေးလုပ်ငန်းများ (MSMEs) အကြား တန်ဖိုးကွင်းဆက်
ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရေး” ခေါင်းစဉ်ဖြင့်
စာတမ်းအား အောက်ပါ pdf တွင် လေ့လာဖတ်ရှုနိုင်ပါသည်။

