၁။ TikTok Shop ၏ ပံ့ပိုးမှုဖြင့် အာဆီယံဖောင်ဒေးရှင်းသည်
လက်မှုပညာရှင်များနှင့် လက်လီရောင်းချသူများအား ပံ့ပိုးပေးသည့် အစီအစဉ်ဖြစ်သည့် “ASEAN
Supporting Our Artisans and Retailers (SOAR) Together” ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ
၂၀၂၆ ခုနှစ် တွင် MSME များအား ဒစ်ဂျစ်တယ်စွမ်းရည်များ အားကောင်းစေရန်နှင့်
ဈေးကွက် အခွင့်အလမ်း အသစ်များ ဖွင့်လှစ်ပေးရန် ရည်ရွယ်၍ အာဆီယံနိုင်ငံများမှ MSME လုပ်ငန်း
(၁၂၀) ကို ပံ့ပိုး ပေးသွားမည် ဖြစ်ပါသဖြင့် သတင်းအချက်အလက်ဖြန့်ဝေပေးပါရန် အာဆီယံအတွင်းရေးမှူးချုပ်ရုံး
မှ အကြောင်းကြားလာပါသည်။
၂။ အဆိုပါအစီအစဉ်အရ digital marketing ၊
e-commerce ၊ sustainable business practices စသည့် နယ်ပယ်များကို လေ့လာနိုင်မည်ဖြစ်ပြီး ဆောင်ရွက်မည့် အစီအစဉ်နှင့်
Register ပြုလုပ်လျှောက်ထားရမည့် Link များမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါသည်-
(က) Unlocking Discovery E-commerce
in Southeast Asia (Online Masterclass) https://form.jotform.com/260689544936473
(၂၆. ၄. ၂၀၂၆ ရက်နေ့နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ပါသည်။)
(ခ) Acceleration Programme
https://form.jotform.com/260689544936473
(၁၀. ၅. ၂၀၂၆ ရက်နေ့နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ပါသည်။)
၃။ သို့ဖြစ်ပါ၍ စိတ်ပါဝင်စားသည့်
MSME လုပ်ငန်းရှင်များအနေဖြင့် ဖော်ပြပါ Link များတွင် အသေးစိတ်အချက်အလက်များကို ဝင်ရောက်လေ့လာ၍
Register ပြုလုပ်လျှောက်ထား နိုင်ပါကြောင်း သတင်းအချက်အလက်ဖြန့်ဝေအပ်ပါသည်။

