နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊
ယာယီသမ္မတ၏ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်တွင်ပြုလုပ်ခဲ့သည့်
တွေ့ဆုံပွဲအခမ်းအနား၌ “စိုက်ပျိုးရေး ထုတ်ကုန်လုပ်ငန်းများကို
အပြည့်အဝစိုက်ပျိုးထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပပို့ကုန်များ ပိုမိုရရှိ လာမည်ဖြစ်ပြီး
နိုင်ငံခြားဝင်ငွေများ တိုးတက်ရရှိလာမည်ဖြစ်ကြောင်း၊ ရောင်းကုန်ပစ္စည်းများ တိုးတက်ထုတ်လုပ်နိုင်ရေး
ဝိုင်းဝန်ကူညီဆောင်ရွက်ပေးကြစေလိုကြောင်း" လမ်းညွှန်မှာကြားချက် နှင့်အညီ
ပြည်တွင်းကုန်ကြမ်းဖြစ်သည့် ဝဥမှတန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ တိုးတက်ထုတ်လုပ်
ရောင်းချနိုင်ရေးအတွက် ထုတ်လုပ်မှုနည်းပညာများ၊ စနစ်ကျသော လုပ်ငန်းဆောင်ရွက်မှုများ၊
ဈေးကွက်ရရှိရေးဆိုင်ရာများနှင့် စပ်လျဉ်းသည့် “ဝဥကုန်ကြမ်းစိုက်ပျိုးမှုမှ
တန်ဖိုးမြင့် ထုတ်ကုန် ဖြစ်သည့် ဝဥကြာဇံ၊ ဝဥဆန်အပါအဝင် ဝဥကုန်ချောထုတ်လုပ်မှုနှင့်
ရောင်းချမှုဆိုင်ရာ ဆွေးနွေးပွဲ” ကို(၁၈.၃.၂၀၂၆)
ရက်နေ့တွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်၊ (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ
စက်မှုကြီး ကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန (ရုံးချုပ်) နှင့် ပြည်နယ်/ တိုင်းဒေသ ကြီးတို့မှ
တာဝန်ရှိသူများ၊ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စားသုံးသူရေးရာ
ဦးစီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊
အစာအာဟာရဆိုင်ရာ သိပ္ပံနှင့်နည်းပညာအသင်း၊ မြန်မာနိုင်ငံဝဥစိုက်ပျိုးထုတ်လုပ်တင်ပို့
ရောင်းချသူများအသင်းနှင့် I.G.P Immortal Garden Park Co.,Ltd. တို့မှ တာဝန်ရှိသူများ၊
MSME ဝဥစိုက်ပျိုးထုတ်လုပ်သူများ စုစုပေါင်း (၁၁၀) ဦး တက်ရောက်ခဲ့ပါသည်။

