စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား
စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ ရက် (၁၀၀) စီမံချက်အရ "Toolkit for MSMEs ပါ အောင်မြင်ရေးအလေ့အကျင့်ကောင်းများ လက်တွေ့အသုံးချရေး အသိပညာပေးသင်တန်း
(ပထမအကြိမ်)"
ကို ဝန်ကြီးဌာနနှင့် MSME
Association (နေပြည်တော်) တို့ ပူးပေါင်း၍ နေပြည်တော်အတွင်းရှိ MSME
လုပ်ငန်းရှင်များအတွက် နေပြည်တော်၊ ရုံးအမှတ် (၃၀) ၌ မေလ ၂၃ ရက်မှ
၂၄ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်၍
အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ သင်တန်းသို့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ
MSME လုပ်ငန်းရှင်
(၂၀) ဦးခန့် တက်ရောက်ခဲ့ပြီး MSME Tool Kit ပါ
လမ်းညွှန်ချက်များနှင့် အလေ့အကျင့်ကောင်းများကို လက်တွေ့အသုံးချနိုင်ရေးအတွက် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ
ဒုတိယညွှန်ကြားရေးမှူး ဦးနေလွင်ထွဋ်က သင်တန်းနည်းပြအဖြစ် ပို့ချခဲ့ပါသည်။
MSME
လုပ်ငန်းရှင်များအတွက် ဤကဲ့သို့
ရှင်းလင်းဆွေးနွေးခြင်းသင်တန်းများကို စုစုပေါင်း (၃) ကြိမ်
ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။

