စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသည် ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံ GIZ အဖွဲ့အစည်းနှင့်ပူးပေါင်း၍ ဝန်ထမ်းများ၏ Capacity မြှင့်တင်နိုင်ရန် အတွက် Monitoring & Evaluation Training ကို (၆.၉.၂၀၁၆) ရက်နေ့မှ (၇.၉.၂၀၁၆) ရက်နေ့ထိ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာန၊ ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသား (၂၄) ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါ သင်တန်းတွင် Result Based Mangement၊ Clarifying Information Needs, Data Collection Methods and Tools၊ Monitoring Plan နှင့် Monitoring & Evaluation Action Plan အကြောင်းအရာများကို သင်ကြားခဲ့ပါသည်။ ၄င်း သင်တန်းမှ Mentoring ၏ အဓိပ္ပါယ်၊ Data စုဆောင်းခြင်းနည်းလမ်းများနှင့် အချက်အလက်များ၊ ရလဒ်အမျိုးအစားများနှင့် အညွှန်းကိန်းဆိုင်ရာ ဝိသေသများ စသည်တို့ကို သိရှိလေ့လာခွင့် ရခဲ့ပါသည်။