နိုင်ငံသူနိုင်ငံသားတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလျက်ရှိသည့် MSME များ ဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံတော်အစိုးရမှ အလေးထားဆောင်ရွက်လျက်ရှိရာ MSME လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်ဒုတိယဝန်ကြီးချုပ်၏ (၂.၁၂.၂၀၂၂)ရက်နေ့ လမ်းညွှန်မှာကြားချက် (၁၀)ချက်တွင် MSME ဆိုင်ရာ ပြည်သူများသိသင့်သည့် သတင်းအချက်အလက်များအား ဆောင်းပါးရေးသား၍ နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်းဖော်ပြရန်နှင့် MSME Talking Show များတွင် ထုတ်လွှင့်ပြသနိုင်ရေး ဆောင်ရွက်ရန်အချက်များပါဝင်ပါသည်။ သို့ဖြစ်ပါ၍ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ဝန်ဆောင်မှုများနှင့် MSME ဆိုင်ရာ အများပြည်သူ သိသင့်သည့်အချက်များအား ပီပြင်ပေါ်လွင်စွာနှင့် စိတ်ပါဝင်စားဖွယ်ဖြစ်အောင် ရေးသားဖော်ပြနိုင်ရေးအတွက် ဆောင်းပါးရေးသားနည်းသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ကူညီပံ့ပိုးမှုဖြင့် (၁၉.၁၂.၂၀၂၂)ရက်နေ့နှင့် (၃၀.၁၂.၂၀၂၂)ရက်နေ့များတွင် Hybrid ပုံစံဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ဦးစီးဌာန (ရုံးချုပ်)၊ ပြည်နယ်/ တိုင်းဒေသကြီး/ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)တို့မှ (၅၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ခဲ့ပါသည်။