The Republic of the Union of Myanmar

Ministry of Industry

Directorate of Industrial Supervision and Inspection

(Department of Micro, Small and Medium Enterprises Development)

From 20-12-2017 to 17-01-2018
12:30 PM
က။ ရုံးအမှတ် (၄၁)၊ နေပြည်တော် ခ။ Center of Excellence (CoE)/ Incubation Center အမှတ် (၅)၊ သလ္လာဝတီလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့

နေ့ရက်       -    က။ (၂၀.၁၂.၂၀၁၇) ရက်နေ့မှ (၂၂.၁၂.၂၀၁၇) ရက်နေ့ထိ

                        ခ။ (၁၅.၁.၂၀၁၈) ရက်နေ့မှ (၁၇.၁.၂၀၁၈) ရက်နေ့ထိ

နေရာ          -   က။ ရုံးအမှတ် (၄၁)၊ နေပြည်တော်

                         ခ။ Center of Excellence (CoE)/ Incubation Center အမှတ် (၅)၊  သလ္လာဝတီလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့

                  စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသည် The Sun Institute နှင့်ပူးပေါင်း၍ SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ဆောင်မှုပေးနေသော ဝန်ထမ်းများ၏စွမ်းရည်မြှင့်တင်ပေးနိုင်ရန်အတွက် "Promoting for SME Development Training" ကို (၂၀.၁၂.၂၀၁၇) ရက်နေ့မှ (၂၂.၁၂.၂၀၁၇) ရက်နေ့ထိ ရုံးအမှတ် (၄၁)၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ရာ ရုံးချုပ်နှင့် ပြည်နယ်/ တိုင်းဒေသကြီး အသီးသီးမှ SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ဆောင်မှုပေးနေသော အရာထမ်း၊ အမှူထမ်းများ စုစုပေါင်း (၆၄) ဦးကိုလည်းကောင်း၊ (၁၅.၁.၂၀၁၈) ရက်နေ့မှ (၁၇.၁.၂၀၁၈) ရက်နေ့ထိ Center of Excellence (CoE)/ Incubation Center အမှတ် (၅)၊ သလ္လာဝတီလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်/ တိုင်းဒေသကြီးများမှ SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ဆောင်မှုပေးနေသော အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၅၂) ဦးကိုလည်းကောင်း စွမ်းဆောင်ရည်မြှင့် တင်ခြင်းဆိုင်ရာပညာရပ်များ ပံ့ပိုး ပေးနိုင်ခဲ့ပါသည်။

                  အဆိုပါသင်တန်းများတွင် The SUN Institute ၏ Founder & President ဒေါ်အေးမြလှိုင်၊ ဆရာဦးကောင်းမြတ်ထွဋ်နှင့် ဆရာဦးညီညီအောင်တို့မှ Critical Thinking for Leadership ဘာသာရပ်နှင့်ပတ်သက်၍ Mind Map နှင့် SWOT Analysis ပြုလုပ်ပုံများ၊ Managing the Future၊ How Do you Design your Creativity?၊ Strategic  Negotiation၊ Myanmar Banking Environment၊ Communication at Work Place၊  Time Management စသည်တို့နှင့်ပတ်သက်သည့် ပညာရပ်များကို ဆွေးနွေးပို့ချပေးခဲ့ကြပါသည်။