The Republic of the Union of Myanmar

Ministry of Industry

Directorate of Industrial Supervision and Inspection

(Department of Micro, Small and Medium Enterprises Development)

From 9-01-2017 to 9-02-2017
12:30 PM
SME Center၊ ရန်ကုန်မြို့

စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသည် Entrepreneurship Development Network Asia (EDNA) အဖွဲ့အစည်းနှင့် ပူးပေါင်း၍ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ SME ဝန်ထမ်းများမှ SME ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေး လုပ်ငန်းများ မြှင့်တင် နိုင်စေရေးဆိုင်ရာ ဗဟုသုတများအား လုပ်ငန်းရှင်များထံ မျှဝေနိုင်ရန်၊ စွန့်ဦးစီးပွားလုပ်ငန်းများ ပေါ်ထွက်လာစေရန်၊ လုပ်ငန်းရှင်များအတွက် စီးပွားရေးဆိုင်ရာ အသိအမြင်များ ပံ့ပိုးနိုင်သော လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ (၉.၁.၂၀၁၇) ရက်နေ့ မှ (၉.၂. ၂၀၁၇) ရက်နေ့အထိ ရန်ကုန်မြို့ရှိ SME Center ၌ “စွန့်ဦးစီးပွားနည်းပညာနှင့် လုပ်ငန်း ဖွံ့ဖြိုးမှုမြှင့်တင်ရေး ToT နည်းပြ သင်တန်း” ကို ကျင်းပခဲ့ရာ SME Branches များမှ ဝန်ထမ်း (၅၀) ဦး တက်ရောက်ခဲ့ပါသည်။

                  အဆိုပါသင်တန်းတွင် စီးပွားရေးလုပ်ငန်းတစ်ခုကို လုပ်ကိုင်ရာတွင် ကြုံတွေ့ရလေ့ရှိသော အခက်အခဲများကို မိတ်ဆက်ပေးခြင်းဖြင့် ဖြေရှင်းပေးနိုင်မည့် နည်းလမ်းများကို မူဘောင် များဖြင့် စဉ်းစားတွေးခေါ်ဖြေရှင်းသည့် နည်းလမ်းများ၊ ဖောက်သည်များမှ တဆင့် စျေးကွက် ကိုခွဲခြမ်း စိတ်ဖြာသည့် နည်းလမ်းများ၊ မိမိတွင်ရှိသော အားသာချက်၊ အားနဲချက်များကို ကောင်းစွာအသုံးချနိုင်မည့် နည်းလမ်းများ၊ လုပ်ငန်းခွင်တွင်း ငွေကြေးစီမံခန့်ခွဲမှု၊ မှတ်တမ်း များပြုစုထားရှိမှု နည်းစနစ်များနှင့် လုပ်ငန်းခွင် စီမံခန့်ခွဲမှု နည်းလမ်းများကို EDNA (Myanmar) အဖွဲ့အစည်း၏ Founder ဒေါ်ကြည်ကြည်ငြိမ်းကိုယ်တိုင် ဦးစီး၍ သင်ကြားပေးခဲ့ပါသည်။  

                  ထို့ပြင်သင်တန်းသားများမှ မိမိသင်ယူခဲ့သော နည်းလမ်းများ၊ နည်းစဉ်များကို တိုင်းနှင့် ပြည်နယ်အသီးသီးတွင် ကျယ်ပြန့်စွာရှိနေသော SME များအား ပြန်လည်မျှဝေနိုင်စေရန် အတွက်  Communication ပြုလုပ်ပုံ၊ Facilitator & Mentor ကောင်းများအဖြစ် SME လုပ်ငန်းများကို အားပေးမြှင့်တင် လမ်းပြပေးနိုင်မည့် နည်းလမ်းပြသမှုပုံစံများအား သင်ယူခဲ့ ရပါသည်။ သင်တန်းတွင်  စီးပွားရေးဆိုင်ရာ အခြေခံသဘောတရားများနှင့် လုပ်ငန်းအတွင်း စနစ်ကျ အောင်မြင်သည့် စီးပွားရေးဖြစ်လာစေမည့်  ချိတ်ဆက်တွေးခေါ်မှုများကို သင်ကြားခဲ့ရ သဖြင့်     SME လုပ်ငန်းများအား  အခြေခံမှစ၍ ရုန်းထလာနိုင်သည့် စီးပွားရေးလုပ်ငန်း ဖြစ်အောင် နည်းပေးလမ်းပြ ဆောင်ရွက်လာနိုင်မည် ဖြစ်ပါသည်။

                  ၄င်းအပြင် သင်တန်းသားများမှ SME လုပ်ငန်းရှင်များအနေဖြင့် မိမိတွင်ရှိသော အရင်းအမြစ် များအပေါ် အခြေခံ၍ မျှော်မှန်းချက် ရောက်ရှိအောင် လုပ်ဆောင်သင့်သည့်အချက်များ၊ ပြင်ပအခြေအနေနှင့် ဖောက်သည်တို့၏ လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားသင့်သည့် အချက်များ၊ ကောင်းမွန်သော မဟာဗျူဟာ ချမှတ်ရမည့် နည်းလမ်းများ၊ စီမံခန့်ခွဲမှုနှင့် စာရင်း ဇယားပိုင်းဆိုင်ရာ စနစ်တကျ ဆောင်ရွက်ရမည့် နည်းလမ်းများကို ထပ်ဆင့်ပံ့ပိုးပေးသွား နိုင်မည် ဖြစ်ပါသည်။