နေ့ရက်နှင့်နေရာ - (၂၁.၁၁.၂၀၁၆) ရက်နေ့မှ (၂၃.၁၁.၂၀၁၆) ရက်နေ့အထိ၊ ရန်ကုန်မြို့ရှိ SME Centre
- (၆.၃.၂၀၁၇) ရက်နေ့မှ (၈.၃.၂၀၁၇) ရက်နေ့ အထိ၊ Reno Hotel Yangon
စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသည် ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံ GIZ အဖွဲ့အစည်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတို့နှင့်ပူးပေါင်း၍ SME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် Stakeholder အချင်းချင်း အကျိုးရှိထိရောက်စွာ ပူးပေါင်းဆောင်ရွက် နိုင်ရန် Stakeholder Collaboration Training ကို (၂၁.၁၁.၂၀၁၆) ရက်နေ့မှ(၂၃.၁၁.၂၀၁၆) ရက်နေ့အထိ ရန်ကုန်မြို့ရှိ SME Centre ၌ လည်းကောင်း၊ (၆.၃.၂၀၁၇) ရက်နေ့မှ (၈.၃.၂၀၁၇) ရက်နေ့အထိ Reno Hotel Yangon ၌လည်းကောင်း ကျင်းပခဲ့ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ SME ဝန်ထမ်း(၂၀) ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါ Stakeholder Collaboration Training သို့ တက်ရောက်ခြင်းဖြင့် ဝန်ထမ်းများသည် မိမိရည်မှန်းထားသော လုပ်ငန်းစဉ်ကို ရှင်းလင်းစွာသိမြင် နိုင်ရန် Mapping နည်းစနစ်ကို သိမြင်လာခြင်း၊ Mapping အဆင့်တိုင်းတွင် မိမိပါဝင်သည့် အခန်းကဏ္ဍကို သိရှိလာပြီး Target ရောက်အောင် ဆောင်ရွက်နိုင်ခြင်း၊ အခြားဆက်စပ် ဌာနများနှင့် င်ရွက် နိုင်ခြင်းတို့ကြောင့် မိမိတို့ ကိုယ်ပိုင် အရည်အချင်းများ တိုးတက်လာခြင်းစသော အကျိုး ကျေးဇူးများကိုရရှိပါသည်။