စက်မှုဝန်ကြီးဌာန
လက်အောက်ရှိ ဝန်ကြီးရုံး၊ ဦးစီးဌာန/ လုပ်ငန်းများတွင် စီမံကိန်း
ဆိုင်ရာကိစ္စရပ်များ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အလယ်အလတ်အဆင့် အရာထမ်းများ အား စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာဗဟုသုတရရှိစေရေးအတွက်
စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေး ဦးစီးဌာနမှကြီးမှူး၍ "Project Management Knowledge Sharing Training" ကို ၈.၁၁.၂၀၂၃ ရက်နေ့တွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀)၊
အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက အဖွင့်အမှာစကား
ပြောကြားခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲကို စက်မှုဝန်ကြီးဌာနမှ
ဦးစီးဌာန/ လုပ်ငန်းများ၏ လုပ်ငန်း နယ်ပယ် အသီးသီးတွင် စီမံကိန်းဆိုင်ရာ ကိစ္စရပ်များ တာဝန်ယူဆောင်ရွက်လျက်ရှိသည့်
အလယ်အလတ် အဆင့် အရာထမ်းများအား Project Management နှင့် စပ်လျဉ်းသည့် စီမံကိန်း
စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာ ဗဟုသုတများ ရရှိစေရေးနှင့် မိမိတို့၏ သက်ဆိုင်ရာကဏ္ဍများတွင်
ပြန်လည်အသုံးချ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပါသည်။
ဆွေးနွေးပွဲတွင် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊
နည်းပညာနှင့်ဈေးကွက် မြှင့်တင်ရေးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ ဦးဇေယျာမိုးက What is
a Project?၊ Who uses project Management?၊ Balancing Competing Project
Constraints၊ Project Management Methodologies၊ Organizational Project
Management၊ Composite organization၊ Project Manager၊ Project Management Team၊ Project
Management Office (PMO)၊ Interrelation of Guides to Project၊ Ten Project
Management Knowledge Area၊ Code of Ethics & Professional Conducts၊ Summary စသည်ခေါင်းစဉ်တို့အလိုက်
ဆွေးနွေးပို့ချခဲ့ပြီး မူဝါဒနှင့်ပြည်ပရေးရာဌာနမှ
ဒုတိယ ညွှန်ကြားရေးမှူး၊
ဦးနေလွင်ထွဋ်က What is Project, Project Management and Common Mistakes၊ Integration
Management၊ Scope Management၊Time Management၊ Cost Management၊ Risk Management စသည်ခေါင်းစဉ်များဖြင့်
ဆွေးနွေးပို့ချခဲ့ပါသည်။
ဆွေးနွေးပွဲသို့
စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်
တာဝန်ရှိသူများ၊ အမှတ် (၁)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊
(၃) အကြီးစားစက်မှုလုပ်ငန်း၊ မြန်မာ့ဆေးဝါးလုပ်ငန်းတို့မှ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဦးစီးဌာန/ လုပ်ငန်းများမှ သင်တန်းသား/
သူများနှင့် ပြည်ထောင်စု နယ်မြေ၊
နေပြည်တော်မှ MSME များ စုစုပေါင်း (၈၄)
ဦး တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စု ဝန်ကြီး ဒေါတ်တာချာလီသန်းက
နိဂုံးချုပ်စကားပြောကြား၍ ဆွေးနွေးပွဲကို ညနေ (၅း၀၀) နာရီ တွင် ရုတ်သိမ်းခဲ့ပါသည်။