The Republic of the Union of Myanmar

Ministry of Industry

Directorate of Industrial Supervision and Inspection

(Department of Micro, Small and Medium Enterprises Development)

27-04-2018
12:00 PM
ရုံးအမှတ် (၄၁)၊နေပြည်တော်

စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသည် ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံ GIZ အဖွဲ့အစည်းနှင့်ပူးပေါင်း၍  အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ဝန်ထမ်းများအနေဖြင့် အချိန်နှင့်ထိရောက်မှု အချိုးအစား ကျသော၊ ရှေ့နောက် ဆက်စပ်လျော်ညီသော သတင်းအချက်အလက်များနှင့် အရည်အသွေး ပြည့်ဝသော  ဝန်ဆောင်မှုများအား SME လုပ်ငန်းရှင်များကို ပံ့ပိုးပေးရာတွင် အထောက် အပံ့ဖြစ်စေရေးအတွက် SME Guidebook Workshop ကို (၂၇.၄.၂၀၁၆) ရက်နေ့တွင် နေပြည်တော်၊ ရုံးအမှတ် (၄၁) ၌ ကျင်းပခဲ့ရာ နေပြည်တော်ကောင်စီ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ SME ဝန်ထမ်း (၂၄) ဦး တက်ရောက်ခဲ့ပါသည်။

                  အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် နိုင်ငံတကာရှိ SME များ ကျင့်သုံးလျက်ရှိသော International Best Practices များနှင့် ဝန်ဆောင်မှုဆိုင်ရာ အကြောင်းအရာများ၊ SME Guidebook တွင် ပါဝင်မည့် အခြေခံအကြောင်းအရာများ၊ SME Guidebook ၏ ရည်ရွယ်ချက်များ၊ SME များ ဖွံ့ဖြိုးတိုးတက်စေရန် ချဉ်းကပ်ဆောင်ရွက်ရမည့် အချက်များ၊ ပြည်တွင်း SME များ၏ စိန်ခေါ်မှုများကို Identification ပြုလုပ်မှုများ၊ SME Finance Input အကြောင်းအရာ များနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့်အဆင့်များကို ဆွေးနွေးခဲ့ကြပါသည်။

                  ၄င်း Workshop မှ ထွက်ပေါ်လာသော ဆွေးနွေးချက်များကို အခြေခံ၍ SME ထောက်ပံ့ကူညီမှုဆိုင်ရာ လက်စွဲစာအုပ် (SME Guidebook) ကို ၂၀၁၇ ခုနှစ်၊ ဧပြီလအတွင်း ထုတ်ဝေခဲ့ပြီးစက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ရုံးချုပ်၊ နေပြည်တော်ကောင်စီ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ SME ရုံးခွဲ များသို့ ဖြန့်ဝေပေးနိုင်ခဲ့ပါသည်။ SME Guidebook (SME ထောက်ပံ့ကူညီမှုဆိုင်ရာ လက်စွဲစာအုပ်) ရှိလာခြင်းကြောင့် အသေးစား နှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်း များအနေဖြင့်လုပ်ငန်း SME ကဏ္ဍများကို ပိုမိုနားလည်လာခြင်း၊ တာဝန်နှင့်ပတ်သက်၍ မရှင်းလင်းမှု၊ ရှုပ်ထွေးမှုများအား Reference အဖြစ် အသုံးပြုနိုင်ခြင်း စသော အကျိုးကျေးဇူး များကို ရရှိနိုင်ပါသည်။