နေ့ရက်နှင့်နေရာ - (၂၃.၂.၂၀၁၈) မှ (၂၅.၂.၂၀၁၈) အထိ၊ မန္တလေးတိုင်းဒေသကြီး၊
- (၂၄.၃.၂၀၁၈) မှ (၂၆.၃.၂၀၁၈) အထိ ၊ မကွေးတိုင်းဒေသကြီး
- (၁၂.၅.၂၀၁၈) မှ (၁၄.၅.၂၀၁၈) အထိ၊ ဧရာဝတီတိုင်းဒေသကြီး
- (၂၉.၆.၂၀၁၈) မှ (၁.၇.၂၀၁၈) အထိ၊ ရှမ်းပြည်နယ်၊ တောင်ကြီး
အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ၏ ဦးဆောင်မှု ဖြင့် MSMEs (Micro, Small & Medium Enterprise) လုပ်ငန်းများ၏ စွန့်ဦးတီထွင်မှု များကို အားပေးမြှင့်တင်ရန်၊ ယှဉ်ပြိုင်မှု အားကောင်းလာစေရန်နှင့် လုပ်ငန်းရှင်အချင်းချင်း ချိတ်ဆက်ဆောင်ရွက်နိုင်စေရန်အတွက် "MSME Trade Promotion & Regional Award" ပြပွဲပြိုင်ပွဲအား စက်မှုဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကချင် ပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်း၍ (၂၃.၂.၂၀၁၈) ရက်နေ့မှ (၂၅.၂.၂၀၁၈) ရက်နေ့အထိ မန္တလေးတိုင်းဒေသကြီး၊ မန္တလာသီရိ အားကစားကွင်း၌ လည်းကောင်း၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်ပူးပေါင်း၍ (၂၄.၃.၂၀၁၈) ရက်နေ့မှ (၂၆.၃.၂၀၁၈) ရက်နေ့အထိ မကွေးတိုင်း ဒေသကြီး မြို့တော်ခန်းမနှင့် ကျောက်တိုင်ပန်းခြံကွင်း၌လည်းကောင်း၊ ဧရာဝတီတိုင်းဒေသ ကြီးအစိုးရအဖွဲ့နှင့်ပူးပေါင်း၍ (၁၂.၅.၂၀၁၈) ရက်နေ့မှ (၁၄.၅.၂၀၁၈) ရက်နေ့ထိ ဧရာဝတီ တိုင်းဒေသကြီး မြို့တော်ခန်းမနှင့် ကန်သုံးဆင့်ကွင်း၌ လည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့နှင့်ပူးပေါင်း၍ (၂၉.၆.၂၀၁၈) ရက်နေ့မှ (၁.၇.၂၀၁၈) ရက်နေ့ထိ ရှမ်းပြည်နယ်၊ တောင်ကြီး မြို့တော်ခန်းမနှင့် ကျောက်တိုင်ကွင်း၌ လည်းကောင်း၊ ကျင်းပပြုလုပ်၍ စျေးကွက်ပိုမိုရရှိအောင် ဆောင်ရွက်ပေးခဲ့ပါသည်။
၄င်းထုတ်ကုန်ပြိုင်ပွဲများတွင် အငယ်စား၊ အသေးစားနှင့်အလတ်စားလုပ်ငန်းရှင်များမှ တီထွင် ဆန်းသစ်မှုများ၊ ခေတ်မီအတွေးအခေါ်များဖြင့် အရည်အသွေးပြည့်မီစွာ ထုတ်လုပ်ထားသည့် ထုတ်ကုန်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။ ပြပွဲပြိုင်ပွဲများတွင် ပါဝင်ပြသကြသူ လုပ်ငန်းရှင် များ၊ ဒေသခံပြည်သူများနှင့်ဒေသအလိုက် MSME များ အားလုံးအတွက် အကျိုးကျေးဇူး များစွာ ရရှိခဲ့ပါသည်။
အဆိုပါ MSMEs ဒေသတွင်း ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲများသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု သက်သက် သာမက ဒေသအသီးသီးမှ လုပ်ငန်းရှင်အချင်းချင်း ချစ်ခင်ရင်းနှီးမှု၊ စည်းလုံး ညီညွတ်မှု၊ ရိုင်းပင်းကူညီမှု၊ ရိုးရာဓလေ့ ယဉ်ကျေးမှုများ၊ ဗဟုသုတများ ဖလှယ်ရရှိမှု၊ ဈေးကွက်ချိတ်ဆက်နိုင်မှုစသည့် အကျိုးကျေးဇူးများ ထပ်လောင်းထားသည့် အကျိုးများစွာ ရှိသော ပြပွဲ၊ ပြိုင်ပွဲတစ်ခု ဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းများ (MSMEs) အချင်းချင်း ချိတ်ဆက်ပြီး တီထွင်ဆန်းသစ်မှု၊ ထုတ်ကုန်အသစ်များ၊ အတွေ့အကြုံသစ်များ၊ စိတ်ကူး အသစ်များ အကောင်အထည်ဖော်ရန်နှင့် စီးပွားရေးဈေးကွက်အသစ်များ ချဲ့ထွင်ရန်အတွက် ကျင်းပသော ပြပွဲနှင့်ပြိုင်ပွဲများဖြစ်ပြီး ပြည်သူများ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် အထောက်အကူများစွာ ဖြစ်စေသည့်အတွက် MSMEs များအတွက် များစွာ အကိုးကျေးဇူး ရရှိစေခဲ့ပါသည်။