The Republic of the Union of Myanmar

Ministry of Industry

Directorate of Industrial Supervision and Inspection

(Department of Micro, Small and Medium Enterprises Development)

From 23-11-2017 to 25-11-2017
1:00 PM
ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ Myanmar Event Park (MEP)

ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ Myanmar Event Park (MEP) တွင် (၂၃.၁၁.၂၀၁၇) ရက်နေ့မှ(၂၅.၁၁.၂၀၁၇)ရက်နေ့အထိ ကျင်းပပြုလုပ်သော “MYANWATER’ 17, INTERNATIONAL WATER & WASTE WATER TECHNOLOGY SHOW” ပြပွဲတွင် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက် နှင့်အညီ တာဝန်ယူဆောင်ရွက်သည့် SME အဆင့်မြင့် ထွက်ကုန်များ ခင်းကျင်းပြသရာတွင် နည်းပညာနှင့်စျေးကွက်မြှင့်တင်ရေးဌာနမှ လုပ်ငန်းဆောင်ရွက်ချက်များ၊ SME Product များနှင့် ပတ်သက်၍  ရှင်းလင်းဖြေကြားခြင်းနှင့်ပြသရောင်းချခြင်းများပြုလုပ်၍ SME လုပ်ငန်းများ အတွက် စျေးကွက်မြှင့်တင်ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

                  ယခုကဲ့သို့ပြပွဲတွင် SME ထုတ်ကုန်များအား ပြသရောင်းချခြင်းအားဖြင့် ပြည်နယ်နှင့်တိုင်း ဒေသကြီးများရှိ ရေသန့်နှင့် ရေဆိုးရေညစ်သန့်စင်သည့် SME လုပ်ငန်းများအတွက် ပြည်ပနည်းပညာနှင့် စက်ပစ္စည်းများအကြောင်း ပိုမိုသိရှိ၍ စျေးကွက်ချိတ်ဆက်နိုင်ခြင်း၊ ပြည်တွင်း စားသုံးသူများသိရှိလာခြင်း၊ ထုတ်ကုန်များ စျေးကွက်အသစ်ရရှိလာခြင်း၊ ထုတ်ကုန်များ၏ ထုပ်ပိုးမှုစနစ် ကောင်းလာစေရန် ပြုပြင်နိုင်ခြင်းစသည့်အကျိုး ကျေးဇူးများကိုရရှိခဲ့ပါသည်။