စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ စားသောက် ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းတို့ ပူးပေါင်း၍ ရန်ကုန်မြို့၊ တပ်မတော်ခန်းမ၌ (၂.၂.၂၀၁၈) ရက်နေ့မှ (၄.၂.၂၀၁၈) ရက်နေ့အထိ ပဉ္စမအကြိမ်မြောက် မြန်မာ့စားသောက်ကုန် ကုန်စည်ပြပွဲ (Fifth Myanmar Food Exhibition 2018) ကို ကျင်းပပြုလုပ်ခဲ့ရာ၊ နည်းပညာနှင့်စျေးကွက်မြှင့်တင်ရေးဌာနမှ ဝန်ထမ်းများ ပါဝင်ပြီး၊ ပြည်နယ်နှင့်အသီးသီးမှ SME စားသောက်ကုန်လုပ်ငန်းရှင်များ၏ ထုတ်ကုန်များအား ခင်းကျင်းပြသရောင်းချ၍ စျေးကွက်ရရှိစေရန် ဆောင်ရွက်ပေးခဲ့ပါသည်။
ထိုကဲ့သို့ပြပွဲတွင် SME ထုတ်ကုန်များအား ပြသရောင်းချခြင်းအားဖြင့် ပြည်နယ်နှင့်တိုင်း ဒေသကြီးများရှိ စားသောက်ကုန်ကဏ္ဍရှိ SME လုပ်ငန်းများအတွက် ပြည်တွင်း စားသုံးသူများသိရှိလာခြင်း၊ Potential ထွက်ကုန်များအားစျေးကွက်ပိုမိုရရှိလာခြင်း၊ ထုတ်ကုန် များ စျေးကွက်အသစ်ရရှိလာခြင်း၊ ထုတ်ကုန်များ၏ ထုပ်ပိုးမှုစနစ် ကောင်းလာစေရန် ပြုပြင် နိုင်ခြင်းစသည့်အကျိုး ကျေးဇူးများကိုရရှိခဲ့ပါသည်။