The Republic of the Union of Myanmar

Ministry of Industry

Directorate of Industrial Supervision and Inspection

(Department of Micro, Small and Medium Enterprises Development)

From 21-09-2017 to 23-09-2017
1:00 PM
ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ Myanmar Event Park

UBM Myanmar မှ ဦးဆောင်၍ မြန်မာနိုင်ငံရှိ SME လုပ်ငန်းရှင်များအတွက်  Processing and Packaging ဆိုင်ရာများ တိုးတက်စေရန်၊ နည်းပညာဆိုင်ရာ အကူအညီများ ရရှိစေရန်နှင့်စွန့်ဦးတီထွင်သူများအတွက် အခွင့်အလမ်းကောင်းများ ဖန်တီးပေးနိုင်ရန် ရည်ရွယ်၍ နိုင်ငံပေါင်း (၁၆) နိုင်ငံမှ  Processing and Packaging ပြပွဲ “Propak Myanmar 2017 Trade Exhibition” ကို ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ Myanmar Event Park တွင် (၂၁.၉.၂၀၁၇) ရက်နေ့မှ (၂၃.၉.၂၀၁၇) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ၊ နည်းပညာနှင့် စျေးကွက်မြှင့်တင်ရေးဌာနမှ တိုင်းနှင့်ပြည်နယ် (၁၀) ခုရှိ SME Products များအား ပါဝင်ပြသ ရောင်းချ၍ Market ချိတ်ဆက်ခြင်းဖြင့် စျေးကွက်မြှင့်တင်ခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

                  ၄င်းကဲ့သို့ပြပွဲတွင် SME ထုတ်ကုန်များအား ပြသရောင်းချခြင်းအားဖြင့် ပြည်နယ်နှင့်တိုင်း ဒေသကြီးများရှိ Potential ထွက်ကုန်များအား ပြည်တွင်း စားသုံးသူများသိရှိလာခြင်း၊ ထုတ်ကုန်များ စျေးကွက်အသစ်ရရှိလာခြင်း၊ ထုတ်ကုန်များ၏ ထုပ်ပိုးမှုစနစ် ကောင်းလာ စေရန် ပြုပြင်နိုင်ခြင်းစသည့်အကျိုး ကျေးဇူးများကိုရရှိခဲ့ပါသည်။