15-1-2023
2 pm
နေပြည်တော်
၁။ E-market Place for Myanmar Products Platform ဆိုတာ မြန်မာနိုင်ငံအတွင်းရှိ ပြည်တွင်း MSME ထုတ်ကုန်များ၊ နိုင်ငံပိုင် စက်မှုလုပ်ငန်းများမှ ထုတ်ကုန်များအတွက် ဈေးကွက်ချိတ်ဆက်ပေးမည့် Digital Platform ပဲဖြစ်ပါသည်။ ဒီ Platform ကိုအသုံးပြုခြင်းဖြင့် မတူညီသည့်နေရာဒေသများမှ လုပ်ငန်းမျိုးစုံတို့ရဲ့ သတင်းအချက်အလက်များကို တစ်စုတစ်စည်းတည်း လွယ်ကူလျင်မြန်စွာရှာဖွေ နိုင်ပြီး လုပ်ငန်းများနှင့်အလွယ်တကူ ချိတ်ဆက်ဆောင်ရွက်နိုင်မှာပဲဖြစ်ပါသည်။ E-market Place for Myanmar Products Platform တည်ထောင်ခြင်းတွင် အထူးအားဖြင့် နိုင်ငံတော်၏ စီးပွားရေးဦးတည် ချက် (၃) ရပ်အနက်မှ ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးကူညီပြီး ပြည်တွင်းဖြစ် ထုတ်ကုန် များစွာ ထုတ်လုပ်လာနိုင်ကာ အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖော်ဆောင်ပေးနိုင်ရေးကို ဦးတည် ဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်ဖြစ်တဲ့ ပြည်တွင်းထုတ်ကုန် များအားပေးမြှင့်တင်ခြင်းနဲ့ ၎င်းတို့အတွက်ဈေးကွက်များ ချိတ်ဆက်ပေးခြင်းကို ချက်ချင်းအကောင် အထည်ဖော် ဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်။ Way forward အနေဖြင့် Short Term, Long Term ကာလတို၊ ကာလရှည်မှာလဲ အကျိုးဖြစ်ထွန်းစေမှာဖြစ်ပါသည်။
၂။ E-market Place for Myanmar Products Platform ကို Mobile နှင့် Cloud Technology အခြေခံသည့် ERP (Enterprise Resource Planning) System ဖြင့် တည်ဆောက်ထားတာ ဖြစ်ပါ သည်။ စီးပွားရေးကဏ္ဍများစီမံခန့်ခွဲရာတွင် အသုံးပြုသည့် System တစ်ခုဖြစ်ပြီး ERP Software System သည် စီမံချက်များ၊ ရောင်းဝယ်မှုများ၊ အရောင်းကိုးကားဖော်ပြချက်များ၊ ငွေကြေးတွက်ချက်မှု များ၊ ဈေးကွက်မြှင့်တင်ရေးများနှင့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာကိစ္စရပ်များကို မြှင့်တင်ဆောင်ရွက် ရာတွင် လွန်စွာအထောက်အကူဖြစ်စေပါသည်။ တိုးတက်ပြောင်းလဲလာသော ခေတ်နဲ့အညီ စီးပွားရေး လုပ်ငန်းတော်တော်များများမှာ