AMB Tarsus Exhibitions (Myanmar) Pte Ltd.မှကြီးမှူး၍ MYANFOOD’ 2017 နှင့် MYANHOTEL’2017 ပြပွဲကို ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ Myanmar Event Park (MEP) တွင် (၂.၁၁.၂၀၁၇) ရက်နေ့မှ (၄.၁၁.၂၀၁၇) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ၊ နည်းပညာနှင့်စျေးကွက်မြှင့်တင်ရေးဌာနမှ တိုင်းနှင့်ပြည်နယ် (၁၀) ခုရှိ SME Product များကို ပါဝင်ပြသရောင်းချ၍ SME Products များအား Market ချိတ်ဆက်ခြင်းဖြင့် Promotion ပြုလုပ်ခဲ့ပါသည်။
ထိုကဲ့သို့ပြပွဲတွင် SME ထုတ်ကုန်များအား ပြသရောင်းချခြင်းအားဖြင့် ပြည်နယ်နှင့်တိုင်း ဒေသကြီးများရှိ စားသောက်ကုန်နှင့် ဟိုတယ်ကဏ္ဍရှိ SME လုပ်ငန်းများအတွက် ပြည်တွင်း စားသုံးသူများသိရှိ လာခြင်း၊ ထုတ်ကုန်များ စျေးကွက်အသစ်ရရှိလာခြင်း၊ ထုတ်ကုန်များ၏ ထုပ်ပိုးမှုစနစ် ကောင်းလာစေရန် ပြုပြင်နိုင်ခြင်းစသည့်အကျိုး ကျေးဇူးများကိုရရှိခဲ့ပါသည်။