The Republic of the Union of Myanmar

Ministry of Industry

Directorate of Industrial Supervision and Inspection

(Department of Micro, Small and Medium Enterprises Development)

From 26-10-2016 to 4-11-2016
2:00 PM
ရမည်းသင်းမြို့၊ ပြင်ဦးလွင်မြို့

နေ့ရက်နှင့်နေရာ            -          (၂၆.၁၀.၂၀၁၆) မှ (၃၀.၁၀.၂၀၁၆) အထိ၊ ရမည်းသင်းမြို့၊  (၃၁.၁၀.၂၀၁၆) မှ (၄.၁၁.၂၀၁၆) အထိ၊ ပြင်ဦးလွင်မြို့

                  စက်မှုဝန်ကြီးဌာန၊စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသည် PUM Netherlands Senior Expertsအဖွဲ့အစည်းနှင့်ပူးပေါင်း၍ စပျစ်သီးနှင့်စပျစ်ဝိုင်ထုတ်လုပ်သည့် လုပ်ငန်းရှင် များအား စျေးကွက်ဝင် အရည်အသွေးကောင်းမွန်သည့် စပျစ်သီးနှင့်စပျစ်ဝိုင်ထုတ်လုပ်သည့် နည်းပညာ ပံ့ပိုးပေးသော စာတွေ့/လက်တွေ့သင်တန်းများကို မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့၌ (၂၆.၁၀.၂၀၁၆) ရက်နေ့မှ (၃၀.၁၀.၂၀၁၆) ရက်နေ့ထိ လည်းကောင်း၊ ပြင်ဦးလွင်မြို့၌ (၃၁.၁၀.၂၀၁၆) ရက်နေ့မှ (၄.၁၁.၂၀၁၆) ရက်နေ့ ထိလည်းကောင်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လုပ်ငန်းရှင် စုစုပေါင်း(၁၇၀)ဦးတက်ရောက်ခဲ့ပါသည်။

                  အဆိုပါသင်တန်းတွင် စပျစ်မျိုးကွဲများအကြောင်း၊ စိုက်ပျိုးမြေရွေးချယ်မှုလိုအပ်သည့် ရာသီဥတု၊ Organic Fertilizer ပြုလုပ်ခြင်း၊ ပိုးမွှားကာကွယ်ရေး၊ ဝိုင် အမျိုးအစား၊ ဝိုင်ထုတ်လုပ်ခြင်းနည်းစဉ်၊ ဝိုင်တွင်ပါဝင်ရမည့်သကြားနှင့် Alcohol ပါဝင်နှုန်းစသည်တို့ကို သင်ကြားပို့ချခဲ့ပါသည်။

                  ၄င်းနည်းပညာပံ့ပိုးမှုအရ လုပ်ငန်းရှင်များအနေဖြင့် စပျစ်ပင်စနစ်တကျ စိုက်ပျိုးသည့် နည်းပညာများ၊ Organic Fertilizer ပြုလုပ်ခြင်း၊ စပျစ်သီးအရသာချိုကဲရန် လိုအပ်သော မြေဆီလွှာ၏PH Level ၊ ပိုးမွှားကာကွယ်ရန်နည်းလမ်းများ၊ ဝိုင် ဖောက်ခြင်း Processများ၊ အနံ့ထိန်းသိမ်းမှုနည်းစနစ်များ၊ အရောင်ကြည်လင်ရန် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်း များကို ပိုမိုသိရှိလာကြပြီးစျေးကွက်ဝင်စပျစ်နှင့်စပျစ်ဝိုင် ထုတ်လုပ်လာနိုင်ပြီ ဖြစ်ပါသည်။