နေ့ရက်နှင့် နေရာ - (၂၆.၄.၂၀၁၆) ရက်နေ့၊ မန္တလေးမြို့ (၂၇.၄.၂၀၁၆) မှ (၃၀.၄.၂၀၁၆) အထိ ရှမ်းပြည်နယ်၊ မိုးကုတ် မြို့
စက်မှုဝန်ကြီးဌာန၊စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသည် PUM Netherlands Senior Expertsအဖွဲ့အစည်းနှင့်ပူးပေါင်း၍ ကော်ဖီစိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းရှင်များအတွက် စျေးကွက်ဝင်ယှဉ်ပြိုင်နိုင်သည့် Quality Product များထုတ်လုပ်နိုင်ရန် နည်းပညာပံ့ပိုးပေးသည့် စာတွေ့/ လက်တွေ့ သင်တန်းကို မန္တလေး တိုင်းဒေသကြီး၊ မန္တလေးမြို့တွင် (၂၆.၄.၂၀၁၆) ရက်နေ့၌ လည်း ကောင်း၊ ရှမ်းပြည်နယ်၊ မိုးကုတ် မြို့၌ (၂၇.၄.၂၀၁၆) ရက်နေ့မှ (၃၀.၄.၂၀၁၆) ရက်နေ့ထိလည်း ကောင်း ကျင်းပပြုလုပ်ခဲ့ရာ စုစု ပေါင်း လုပ်ငန်းရှင် (၇၄) ဦးအား နည်းပညာ ဖြန့်ဝေပေးနိုင်ခဲ့ပါသည်။
အဆိုပါနည်းပညာပေးသင်တန်းတွင် ကော်ဖီစိုက်ပျိုးထုတ်လုပ်သူလုပ်ငန်းရှင်များအား မြေဆီလွှာ ပျက်စီးရခြင်းအကြောင်း၊ ကော်ဖီပင်အတွက်မြေဆီလွှာအမျိုးအစား၊ အရိပ်ပင်အကြောင်း၊ အရိပ်ပင်၏ အကျိုးကျေးဇူးများ၊ စိုက်ပျိုးမြေ ၏ချဉ်/ငံကိန်း(PH)(Concentr- ation of H+iron) မျိုးစေ့ယူခြင်းနှင့် ပျိုးထောင်ခြင်း၊စိုက်ပျိုးခြင်းနှင့် ပြုစုစောင့်ရှောက်ခြင်း၊ အသီး(Coffee cherry) ခူးယူခြင်းနှင့်ကြိတ်ခွဲခြင်း၊ ကော်ဖီစေ့များအား အဆင့်သတ်မှတ်ခြင်းတို့ကို စာတွေ့၊လက်တွေ့ သင်ကြားပို့ချခဲ့ပါသည်။
အဆိုပါနည်းပညာရယူခဲ့သည့် လုပ်ငန်းရှင်များအနေဖြင့် တန်ဖိုးမြှင့်ကော်ဖီစေ့ ထုတ်လုပ်သည့် နည်းပညာရရှိခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်၏စျေးကွက်တစ်ခုကို အတူတကွ ပူးပေါင်းဆောင်ရွက် နိုင်မည့် အခွင့်အရေးရရှိခြင်း၊ လုပ်ငန်းရှင်အချင်းချင်း နည်းပညာအမြင်များ ဖလှယ်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိပါသည်။