The Republic of the Union of Myanmar

Ministry of Industry

Directorate of Industrial Supervision and Inspection

(Department of Micro, Small and Medium Enterprises Development)

From 17-02-2017 to 20-02-2017
2:00 PM
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့

စက်မှုဝန်ကြီးဌာန၊စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသည် PUM Netherlands Senior Experts အဖွဲ့အစည်းနှင့်ပူးပေါင်း၍ အရည်အသွေးကောင်းမွန်သော စျေးကွက်ဝင်ကော်ဖီ စိုက်ပျိုး ထုတ်လုပ်နိုင်ရန်အတွက် ၂၀၁၆ ခုနှစ်အတွင်း ပညာရှင်မှ စာတွေ့လက်တွေ့နည်းပညာ ပံ့ပိုးပေးမှု များအား   အသုံးချမှုအပေါ်အကျိုးထိရောက်မှုရှိ/ မရှိကို လက်တွေ့ကွင်းဆင်းစစ်ဆေးမှုနှင့်ပြန်လည် ဆန်းစစ်မှုပြုလုပ်နိုင်ရန်အတွက် (၁၇.၂.၂၀၁၇) ရက်နေ့မှ (၂၀.၂.၂၀၁၇) ရက်နေ့အထိ မန္တလေး တိုင်းဒေသကြီး၊ မိုးကုတ်မြို့၊ Arrow Brother Co., Ltd. ၏ ကော်ဖီစိုက်ခင်းတွင် စစ်ဆေးမှု ပြုလုပ်ခဲ့ပါသည်။

                              (မှတ်ချက်။ ။အရည်အသွေးကောင်းမွန်သည့် ကော်ဖီစိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် Arrow Brother Co., Ltd. မှ PUM Netherlands Senior Experts အဖွဲ့အစည်း ၏ပညာရှင်အကြံပေးချက်များအတိုင်း ပြုလုပ်ဆောင်ရွက်ခဲ့သဖြင့် တတိယအကြိမ် Organic Coffee Cupping Quality Competition ပြိုင်ပွဲတွင် Score 87.18 ဖြင့် အကောင်းဆုံး အနံ့အရသာနှင့်ပြည့်စုံသည့် ပထမဆုကိုရရှိခဲ့ပါသည်။