The Republic of the Union of Myanmar

Ministry of Industry

Directorate of Industrial Supervision and Inspection

(Department of Micro, Small and Medium Enterprises Development)

22-01-2021
From 2:00 PM to 4:30 PM
Online Training


Agri Innovation Fund(AIF) စီမံကိန်းဆိုင်ရာ အွန်လိုင်းဆွေးနွေးပွဲသို့ တက်ရောက်နိုင်ပါရန် ဖိတ်ကြားခြင်း

#GIZ Myanmar သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်းတို့နှင့် ပူးပေါင်း၍ စိုက်ပျိုးရေး လုပ်ငန်းဆိုင်ရာ တန်ဖိုးကွင်းဆက်အတွင်း အရည်အသွေးနှင့်စံချိန်စံညွှန်းကိုက်ညီသည့် စျေးကွက်ဝင် ထုတ်ကုန်များဖြစ်လာစေရန်အတွက် အားပေးမြှင့်တင်ရန် Agri- Innovation Fund (AIF) အစီအစဉ်အား အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။

#အဆိုပါ AIF စီမံကိန်း နှင့်စပ်လျဉ်းသည့် စီမံကိန်းရည်ရွယ်ချက်များ၊ စီမံကိန်းဆိုင်ရာ လမ်းညွှန်ချက်များနှင့် စည်းကမ်းသတ်မှတ်ချက်များကို မျှဝေပေးနိုင်ရန်နှင့် စီမံကိန်းအား လျှောက်ထားနိုင်ရန်အတွက် စီမံကိန်း အစီအစဉ် ရေးဆွဲခြင်းဆိုင်ရာ သတ်မှတ်ချက်များကို မျှဝေပေးနိုင်ရန် ရည်ရွယ်၍ အွန်လိုင်းဆွေးနွေးပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ် သွားမည် ဖြစ်ပါသည်-

#နေ့ရက် - ၂၂.၁.၂၀၂၁ (သောကြာနေ့)

#အချိန် - နေ့လယ် (၁၄:၀၀) နာရီမှ (၁၆:၃၀) နာရီအထိ

#နေရာ - Online (Microsoft Team Application)

#သို့ဖြစ်ပါ၍ ကော်ဖီ၊ ငရုတ်၊ ချင်း၊ ကျွဲကောသီးနှင့် မှို စိုက်ပျိုး ထုတ်လုပ် ရောင်းချမှုဆိုင်ရာ Value Chains တစ်လျှောက်ရှိ စိတ်ပါဝင်စားသော လုပ်ငန်းရှင်များအနေဖြင့် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များထံသို့ စာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်−

#ဒေါ်မေပွင့်ဖြူ

e-mail-may.phyu@giz.de

ဖုန်းနံပါတ်− 09-262 070 205

#ဦးကောင်းခန့်ဆွေ

e-mail- kaung.swe@giz.de

ဖုန်းနံပါတ် − 09-254 360 784