စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနသည် OECD အဖွဲ့အစည်း ERIA အဖွဲ့အစည်းတို့နှင့် ပူးပေါင်း၍ "First National Workshop for ASEAN SME Policy Index 2018" အလုပ်ရုံဆွေးနွေးပွဲ ကို Center of Excellence, Incubation Center (CoE) တွင် (၂၈.၂.၂၀၁၇) ရက်နေ့ တွင် ပထမအကြိမ်အဖြစ်လည်းကောင်း၊ (၂၇.၆.၂၀၁၇) ရက်နေ့ တွင် ဒုတိယအကြိမ်အဖြစ်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ရာ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိ သူများ၊ ပုဂ္ဂလိကကဏ္ဍ စီးပွားရေး အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် ကျွမ်းကျင် ပညာရှင်များ စုစုပေါင်း (၈၀) ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲများတွင် ASEAN SME Policy Index 2018 တွင် ဖော်ပြ မည့် Policy Index Performance Indicators Dimensions များနှင့် ပတ်သက်၍ OECD မှ Senior Advisor, Mr.Antonio Fanelli, Project Manager, Mr. Max Bulakov skiy နှင့် Junior Policy Analyst, Mr.Kazumasa OBA၊ ညွှန်ကြားရေးမှူး ဒေါက်တာ အိရွှေစင်ထွန်းတို့မှ ဦးဆောင်၍ သက်ဆိုင်ရာ Stake holder များနှင့် ညှိနှိုင်းဆွေးနွေးခြင်းဖြင့် Efficient Policy Priorities နှင့် Measure Inputs များထည့်သွင်းရန်အတွက် လိုအပ်ချက်များ သိမြင်လာခြင်းနှင့် မူဝါဒများရေးဆွဲအကောင်အထည်ဖော်ခြင်းဆိုင်ရာ တိုင်းတာသည့် အချက်အလက်များ သိရှိလာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိပါ သည်။