ဒိန်းမတ်နိုင်ငံအစိုးရ၊ ဒိန်းမတ်သံရုံးနှင့်စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနတို့သည် အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် Energy Efficiency ကဏ္ဍ၊ Value-Added Food Processing ကဏ္ဍနှင့် Waste Water Treatment ကဏ္ဍများရှိ SME များအား Responsible Business Fund များနှင့် နည်းပညာနှင့် ငွေကြေးထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်၍ "Denmark-Myanmar Country Programme 2016-2020" Responsible Business Fund Project ၏Individual Agreement အပေါ်နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုချုပ်ဆိုသည့် အခမ်းအနားကို ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၇) မိုင်၊ သလ္လာဝတီလမ်းရှိCenter of Excellence, Incubation Center (CoE) ၌ (၂၅.၁.၂၀၁၈) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် သက်ဆိုင်ရာ အရာထမ်းများ၊ ဒိန်းမတ်အစိုးရ၊ ဒိန်းမတ်သံရုံးမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံစက်မှု လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးစွမ်းဆောင်ရှင်များအသင်းတို့မှ ကိုယ်စားလှယ်များ၊ RBF နှင့်ပတ်သက်၍ စိတ်ပါဝင်စားသည့် SME လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသည့် Media များနှင့် Journalist များစုစုပေါင်း (၈၃) ဦးတက်ရောက်ခဲ့ကြပါသည်။
အဆိုပါ အခမ်းအနား၌ RBF Myanmar ၏ Team Leader Mr. Amarnath Reddy မှ မြန်မာ SME များအတွက် RBF Grant ထောက်ပံ့မှုအကြောင်းများ၊ RBF အထောက် အပံ့ပေးမည့် သတ်မှတ်ချက်များ၊ လျှောက်ထားရန်အတွက် လိုအပ်ချက်များ၊ ပြန်လည်ပေးဆပ် ရမည့် ပုံစံများကို ရှင်းလင်းပြောကြားခဲ့ပြီးနောက်၊ RBF အထောက်အပံ့ရရှိထားသည့် လုပ်ငန်းရှင်တစ်ဦးမှ ၄င်းလျှောက်ထားရရှိမှုအတွက် အတွေ့အကြုံများကို မျှဝေပေးခဲ့ပါသည်။