The Republic of the Union of Myanmar

Ministry of Industry

Directorate of Industrial Supervision and Inspection

(Department of Micro, Small and Medium Enterprises Development)

16-09-2017
3:00 PM
Center of Excellence, Incubation Center (CoE) အမှတ် (၅)၊ လ္လာဝတီလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့

စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဌာနသည် ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံ GIZ အဖွဲ့အစည်း နှင့်ပူးပေါင်း၍ အောင်မြင်မှုရရှိနေသည့် SME လုပ်ငန်းရှင်များထံမှ အတွေ့အကြုံများကို အပြန်အလှန် ဖလှယ်ရယူနိုင်ရန်အတွက် “Moving Forward to Digital Economy with Innovation” ​ခေါင်းစဉ်ဖြင့် Saturday SME Talk ဆွေးနွေးပွဲကိုCenter of Excellence, Incubation Center (CoE) တွင် (၁၆.၉.၂၀၁၇) ရက်နေ့၌ ပြုလုပ်ခဲ့ရာ၊ စိတ်ပါဝင်စားသူ (၁၃၇) ဦး တက်ရောက် ခဲ့ကြပါသည်။

                  အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ တွဲဖက်အတွင်းရေးမှူး ဒေါက်တာထွန်းသူရသက်၊ မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးထွန်းထွန်းနိုင်နှင့် The First Walls Lab Innovation Idea Competition ၏ Winner ဒေါ်ခင်စန္ဒာဝင်းတို့မှ Panelist များအဖြစ် လည်းကောင်း၊ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ် ၏CEO ဦးအောင်အောင်မှ Moderator အဖြစ်လည်းကောင်းဆောင်ရွက်၍ Digital Economy ၏အရေးပါမှုများ၊ ပတ်ဝန်းကျင်နိုင်ငံများနှင့် မြန်မာနိုင်ငံ၏ Digital Economy အသုံးပြုမှုကွာဟချက်များ၊ Digital Economy မှ International Market သို့ ထိုးဖောက် ဝင်ရောက်နိုင်ရန်အတွက် ယှဉ်ပြိုင်နိုင်စွမ်း၊ အခွင့်အလမ်းများနှင့် အရေးပါမှုများကို ဆွေးနွေးခဲ့ ကြပါသည်။