The Republic of the Union of Myanmar

Ministry of Industry

Directorate of Industrial Supervision and Inspection

(Department of Micro, Small and Medium Enterprises Development)

From 28-04-2018 to 5-05-2018
3:00 PM
Center of Excellence, Incubation Center (CoE) အမှတ် (၅)၊သလ္လာဝတီလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့

စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသည် AMARA KHIT ကုမ္ပဏီနှင့်ပူးပေါင်း၍ မြန်မာအမျိုးသမီးများရဲ့ လုပ်နိုင်စွမ်းများ၊ ပုံရိပ်များကို ထိရောက်စွာ ပြောင်းလဲပေးနိုင်ရန်အတွက် Women Empowerment and Career Development Program ကို (၂၈.၄.၂၀၁၈) ရက်နေ့မှ (၅.၅.၂၀၁၈) ရက်နေ့အထိ Center of Excellence, Incubation Center (CoE) တွင် ကျင်းပပြုလုပ် ခဲ့ရာ အမျိုးသမီး SME လုပ်ငန်းရှင် (၁၇) ဦး တက်ရောက်ခဲ့ပါသည်။

     အဆိုပါပရိုဂရမ်တွင် မြန်မာအမျိုးသမီးများအနေဖြင့် အပြင်အဆင်၊ အလှအပ နေထိုင်တတ်ရုံ သာမက မိမိ၏အားသာချက်၊ အားနည်းချက်များကို ကိုယ်တိုင်သိမြင်ပြီး မိမိလက်ရှိ လုပ်ကိုင်နေသည့်ဘဝကို ကျေနပ်နှစ်သက်နေစေရန်၊ အကြောင်းကြောင်းကြောင့် အလုပ်ထွက်ရ သော်ငြား မိမိနှစ်သက်ရာ လုပ်ကိုင်ရင်းဖြင့် တစ်ဖက်တစ်လမ်းကဝင်ငွေရရှိရန်အတွက် side business တစ်ခုခု လုပ်ကိုင် တတ်ရန်၊ လက်မှုပစ္စည်းများကို ကိုယ်တိုင်တီထွင်လုပ်ကိုင်ပြီး Amara Khit Company နှင့် ပူးပေါင်း၍ Homepreneur တစ်ယောက်ဖြစ်လာစေရန်နှင့် စစ်မှန်သည့် Self - Esteen တက်လာစေရန်အတွက် Career Development ကိုအခြေခံ၍ မိမိကိုယ်ကို Empower လုပ်နိုင် စေရန် ရည်ရွယ်၍  AMARA KHIT ကမ္ပဏီ၏ Managing Director ဒေါ်ရွှေသီရိခေတ်မှ Self Discover နည်းလမ်းကို အသုံးပြု၍ ဆွေးနွေးပို့ချပေးခဲ့ပါသည်။

      ၄င်းသင်တန်းတွင် Understanding a True Value of Yourself : (မိမိ၏လက်ရှိ အနေအထားကို နားလည်အောင် သုံးသပ်ခြင်း)၊ Improving Thinking Power to Grow Your Inner Strength and Creativity  (မိမိအားဖိနှိပ်ထားသည့်အရာမျာကို တွန်းကန်ပြီး ကိုယ်ပိုင်အားသာချက် များကို ပျိုးထောင်ခြင်း)၊ Self-paced Reflection Exercises များ၊ Work Sheet Assignment များကို Weekday များတွင် အိမ်မှာတင်လုပ်၍ရနိုင်ရန်အတွက် Online မှ Work Sheet များပေးပို့၍ Assignment တင်ရခြင်း၊ မိမိတွင်လိုအပ်သော ဆုံမှတ်ကိုတွေ့ရှိရန်အတွက် The Art of Self-discovery (မနက်အိပ်ယာမှနိုးထသည့် အခါတိုင်း အသက်ရှင်ရပ်တည်လိုသည့် အကြောင်းအရာများအား ရှာဖွေခြင်း) စသည့် အဓိကခေါင်းစဉ် (၄) ခုဖြင့် အမျိုးသမီးများ၏ လုပ်နိုင်စွမ်းများကို ဖော်ထုတ်၍ ဆွေးနွေး ပို့ချပေးခဲ့ပါသည်။