The Republic of the Union of Myanmar

Ministry of Industry

Directorate of Industrial Supervision and Inspection

(Department of Micro, Small and Medium Enterprises Development)

From 1-08-2016 to 31-08-2018
2:45 PM
Center of Excellence, Incubation Center (CoE) အမှတ် (၅)၊ သလ္လာဝတီလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့

စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသည် Hamsahub ကုမ္ပဏီ နှင့်ပူးပေါင်း၍ ၂၀၁၆ ခုနှစ်၊ သြဂုတ်လမှ ၂၀၁၈ ခုနှစ်၊ သြဂုတ်လအထိ Center of Excellence, Incubation Center (CoE) အမှတ် (၅)၊ သလ္လာဝတီလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့တွင် အထည်ချုပ်လုပ်ငန်း၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် အတွက် Garment HRD Training ကို (၄) ကြိမ်ကျင်းပပြုလုပ်ခဲ့ရာ SME လုပ်ငန်းရှင် စုစုပေါင်း (၁၄၄) ဦးကိုလည်းကောင်း၊ ကုန်ထုတ်လုပ်မှုစွမ်းအားတိုးမြှင့်နိုင်ရန်အတွက် Garment Productivity Training  ကို (၂၄) ကြိမ်ကျင်းပပြုလုပ်ခဲ့ရာ SME လုပ်ငန်းရှင် စုစုပေါင်း (၂၅၇) ဦးကိုလည်းကောင်း၊ လူ့စွမ်းအားအရင်းအမြစ်နှင့် ကုန်ထုတ်လုပ်မှုမြှင့်တင် ပေးနိုင်ရန်အတွက် "Business Innovation Facility HR and Productivity" သင်တန်း (၂) ကြိမ်ကိုကျင်းပပြုလုပ်ခဲ့ရာ SME လုပ်ငန်းရှင် စုစုပေါင်း (၃၇) ဦးကိုလည်းကောင်း၊ "Intervention B Production Training" ကို (၃) ကြိမ် ကျင်းပပြုလုပ်ခဲ့ရာ SME လုပ်ငန်းရှင် စုစုပေါင်း (၄၁) ဦးကိုလည်းကောင်း သက်ဆိုင်ရာ အသိပညာများ မျှဝေဆွေးနွေး ပေးခဲ့ပါသည်။

                  ၄င်းအပြင် Global Market တွင် ယှဉ်ပြိုင်နိုင်စွမ်း ရရှိစေရန်အတွက် "Myanmar needs to go global to beat Competition" သင်တန်းများ၊  အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များ အတွက်  စတိုင်ကျကျ ကိုယ်ရည်ကိုယ်သွေးမြှင့်တင်ရန် ရည်ရွယ်၍ "Stylish Sunday : Personal Grooming Class for Business Women" သင်တန်းများ၊ အင်တာနက်ကို ကျွမ်းကျင်စွာ အသုံးပြုတတ်စေရန် ရည်ရွယ်၍ "Internet Literacy for Business Executives" သင်တန်းများ၊ MSMEs Products များအား စျေးကွက်ချိတ်ဆက်နိုင်ရန် အတွက် Marketing Survey အထောက်အကူပြု "Capacity Building" သင်တန်းများ၊ သဘာဝကော်ပြုလုပ်သည့် နည်းပညာဆိုင်ရာဆွေးနွေးပွဲများကို ဖွင့်လှစ်၍SME လုပ်ငန်းရှင် များအတွက် လိုအပ်သည့် အသိပညာ၊ ဗဟုသုတများအား ကူညီ ထောက်ပံ့ပေးခဲ့ပါသည်။