The Republic of the Union of Myanmar

Ministry of Industry

Directorate of Industrial Supervision and Inspection

(Department of Micro, Small and Medium Enterprises Development)

27-05-2017
3:00 PM
Center of Excellence, Incubation Center (CoE) အမှတ် (၅)၊ သလ္လာဝတီလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့

စက်မှုဝန်ကြီးဌာန၊စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဌာနသည် ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံ GIZ အဖွဲ့အစည်း နှင့်ပူးပေါင်း၍ မိရိုးဖလာလုပ်ငန်းများမှ ဈေးကွက်ဝင် စမတ်ကျသော လုပ်ငန်းများပေါ်ပေါက် လာစေရန် ရည်ရွယ်၍ "Traditional SMEs to Smart SMEs" ​ခေါင်းစဉ်ဖြင့် Saturday SME Talk ဆွေးနွေးပွဲကို (၂၇.၅.၂၀၁၇) ရက်နေ့၌ Center of Excellence, Incubation Center (CoE)၊ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ၊ စိတ်ပါဝင်စားသူ (၁၅၀) ဦး တက်ရောက် ခဲ့ကြပါသည်။

                  အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံလက်ဖက်အသင်း၏ ဥက္ကဌ ဦးကျော်သီဟ၊ U Tin Engineering တည်ထောင်သူ ဦးတင်ဦး၊ ပုသိမ်မြို့ရှိ နေမင်းဆားလုပ်ငန်းပိုင်ရှင် ဦးစိန်မောင်၊ တွင်၊ သံဂဟေ စက်မှုလက်မှုလုပ်ငန်းပိုင်ရှင် ဦးအောင် (မန္တလေး) တို့မှ Panelist များအဖြစ် လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးနေလွင်ထွဋ်မှ Moderator အဖြစ်လည်းကောင်း ဆောင်ရွက်၍ ခေတ်မှီနည်းပညာများကိုအသုံးပြု၍ မိမိတို့၏ထုတ်ကုန်များအား စျေးကွက် ဝင်ဆံ့ကာရေရှည်တည်တံ့နိုင်ရေး ကြိုးစားဆောင်ရွက်ခဲ့ပုံများ၊ နိုင်ငံခြားမှ တင်သွင်းသည့် ခေတ်မှီစက်ပစ္စည်းများဝယ်ယူရန် ခက်ခဲပုံများ၊ ပြည်တွင်းလုပ်ငန်းရှင်တချို့မှ စက်ပစ္စည်း များအားကိုယ်တိုင်ထုတ်လုပ်၍ သုံးစွဲခဲ့ရာ အောင်မြင်မှုရရှိပုံများ၊ ၄င်းတို့မှာ ပြည်တွင်းရှိ SME များအား တစ်ဖက်တစ်လမ်းမှ တတ်စွမ်းသ၍ လုပ်ငန်းနှင့်သင့်လျှော်မည့် စက်ပစ္စည်းများကို တီထွင်ဖန်တီးပေးလျှက်ရှိသည့် သတင်းအချက်အလက်များနှင့် လိုအပ်သည့် ကုန်ကြမ်း၊ စက်ပစ္စည်း၊ နည်းပညာစသည်တို့ ရရှိရန်အတွက် ချိတ်ဆက်နိုင်မည့် လမ်းစများကို ဆွေးနွေးခဲ့ ကြပါသည်။