အာဆီယံ-သြစတြေးလျ-နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် အတွက် AANZFTA Regional Trade for Development Initiative အား ဆောင်ရွက်နိုင်ရန် ကျွမ်းကျင်သူများအဖွဲ့ (Panel of Experts)ကို ဖွဲ့စည်းနိုင်ရေးဆောင်လျက်ရှိပါသည်။ အဆိုပါအဖွဲ့အတွက် Experts များကို Pre-Screen ပြုလုပ်၍ ရွေးချယ်မည် ဖြစ်ပါသဖြင့် (RT4D) Program လိုအပ်ချက်နှင့်ကိုက်ညီသည့် နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများ အနေဖြင့် တစ်ဦးချင်း (သို့မဟုတ်) အဖွဲ့အစည်းများမှ ဝင်ရောက်လျှောက်ထားနိုင်မည် ဖြစ်ပါသည်။ Pre-screened Exprets များအနေဖြင့် RD4D Project အဆင့်တိုင်းအတွက် အရည်အသွေးမြင့် နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှုများကို ဆောင်ရွက်ပေးနိုင်ရမည် ဖြစ်ပါသည်။ ကျွမ်းကျင်သူများအဖွဲ့တွင် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက် (FTA) အကောင် အထည်ဖော်ရေးဆိုင်ရာ နည်းပညာဆိုင်ရာအဖွဲ့နှင့် ကျားမတန်းတူညီမျှမှု၊ မသန်စွမ်းမှုနှင့် လူမှုရေးဆိုင်ရာ များဆောင်ရွက်သည့် အဖွဲ့ ဟူ၍ နှစ်ပိုင်း ပါဝင်မည် ဖြစ်ပါသည်။
RT4D အတွက် Panel of Experts အဖွဲ့တွင် ပါဝင်လိုသော တစ်ဦးချင်းနှင့် အဖွဲ့အစည်းများအား Expressions of interest (EoI) ဖိတ်ခေါ်လျက်ရှိပြီး စိတ်ပါဝင်စားသည့် တစ်ဦးချင်း/အဖွဲ့အစည်းများအနေဖြင့် အသေးစိတ်အချက်အလက်များကို အောက်ဖော်ပြပါ Link သို့ ဝင်ရောက်လေ့လာ၍(၂၉. ၉. ၂၀၂၄) ရက်နေ့နောက်ဆုံးထား လျှောက်ထားရမည် ဖြစ်ပါကြောင်း သတင်းအချက်အလက် ဖြန့်ဝေအပ်ပါသည်။