နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဠ၊
နိုင်ငံတော်ဝန်ကြီးချုပ်၏ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ
ဖွံဖြိုးတိုးတက်ရေး အားပေးမြှင့်တင်ရန် မန္တလေးတိုင်းဒေသကြီး၊
ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူတိုင်းဒေသကြီးသို့ သွားရောက်ခဲ့ပါသည်။
ထိုခရီးစဉ်တွင် MSME လုပ်ငန်းများတင်ပြခဲ့သည့်
စားသုံးဆီများသန့်စင်သည့် နည်းပညာများ ပံပိုးပေးရန်အတွက်
“စားသုံးဆီများသန့်စင်သည့် Refinery နည်းပညာများ
ကူညီပံပိုးပေးသည့် တွေ့ဆုံဆွေးနွေးပွဲကို” ဆက်စပ်ဝန်ကြီးဌာနများ၊ ဌာနဆိုင်ရာများ၊
ပုဂ္ဂလိကအဖွဲ့အစည်းများ ပညာရှင်များ၊ ဆီထွက်သီးနှံစိုက်ပျိုးလုပ်ကိုင်နေသူများ၊
သက်ဆိုင်ရာစားသုံးဆီ ထုတ်လုပ်ရောင်းချသော MSME များပါဝင်သော Hybrid
တွေ့ဆုံဆွေးနွေးပွဲကို (၂၈.၁၀.၂၀၂၂)ရက်နေ့တွင် စက်မှုဝန်ကြီးဌာန၊
ရုံးအမှတ်(၃၀)၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ စက်မှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊
မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ စက်မှုဝန်ကြီးဌာနမှ
ဒုတိယဝန်ကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦစီးဌာန၊
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊
အစားအသောက်နှင့်ဆေးဝါးကွက်ကဲရေးဦးစီးဌာနတို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊
မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများမှ တာဝန်ရှိသူများ၊
အစာအဟာရဆိုင်ရာ သိပ္ပံနှင့်နည်းပညာအသင်းမှ တာဝန်ရှိသူများ၊
ဘာသာရပ်ဆိုင်ရာပညာရှင်များ၊ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း၊
မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများ၊
ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှုးများ၊
ညွှန်ကြားရေးမှူးများနှင့် ပြည်နယ်/ တိုင်းဒေသကြီးများနှင့် ပြည်ထောင်စုနယ်မြေ
နေပြည်တော်တို့မှ ဦးစီးဌာနမှူးများ၊ MSME Head များ၊ MSME ဆီလုပ်ငန်းရှင်များ
စုစုပေါင်း (၁၂၀)ဦး တက်ရောက်ခဲ့ကြပါသည်။