The Republic of the Union of Myanmar

Ministry of Industry

Directorate of Industrial Supervision and Inspection

(Department of Micro, Small and Medium Enterprises Development)

2022-08-23
2:07 pm
နေပြည်‌တေ်

                စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် “Pre-Orientation Workshop on Technology Transfer” (မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်း ပြည်နယ်) အခမ်းအနားကို (၁၉..၂၀၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီထိ Online Zoom ဖြင့်ကျင်းပပြုလုပ်ခဲ့ရာ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ သုသေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ နည်းပညာတောင်းခံလာသော MSME လုပ်ငန်းရှင်များ၊ စုစုပေါင်း (၄၇) ဦး တက်ရောက်ခဲ့ပါသည်။

               Pre-Orientation Workshop အခမ်းအနား ကျင်းပခဲ့ပြီး ပထမအသုတ် နည်းပညာပံ့ပိုးပေးမှု အနေဖြင့် ဒေါ်တင်တင်ယု၊ ဖိုးထောင်လက်ဖက်နှင့် ပဲကြော်လုပ်ငန်းသို့  လက်ဖက်အစိုနှပ်ကို ကြာရှည် ထားခံနိုင်အောင်ပြုလုပ်သော နည်းပညာကိုလည်းကောင်း၊ ဆွေမျိုးမေ့ယိုစုံလုပ်ငန်း အသီးများသို့ Preservation နည်းပညာကိုလည်းကောင်း၊ “Unique Lawksawk Mango Public Co.,Ltd” စိန်တလုံးသရက်သီးများအား နိုင်ငံတကာဈေးကွက်သို့ တင်ပို့ရောင်းချရာတွင် အအေးခန်းစနစ်ဖြင့် သရက်သီးများ သိုလှောင်ရာတွင် အအေးခန်းတွင် ထားရှိရမည့် အပူချိန်တို့တွင် ထားရှိရမည့် အခြေ အနေနှင့်ပတ်သက်၍ နည်းပညာဆိုင်ရာ အခက်အခဲကိုဖြေရှင်းရန်ကိုလည်းကောင်း၊ “K 99” သောက်ရေသန့်နှင့် စားသောက်ကုန်လုပ်ငန်းသို့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်းတို့အား အခြောက်ခံ၍ အမှုန့်ဖြစ်သည်အထိပြုလုပ်သော နည်းပညာကိုလည်းကောင်း၊ တင့်တင့်မြန်မာ့ရိုးရာ မုန့်မျိုးစုံလုပ်ငန်း၊ အုန်းရေမှ အမှုန့်ပြုလုပ်သော နည်းပညာကိုလည်းကောင်း၊ “Soe Family” လုပ်ငန်းသို့ ဂျင်းနက်၊ ပျားသံပုရာပြုလုပ်သောနည်းပညာကိုလည်းကောင်း၊ ရတနာရွှေမိုးစိုက်ပျိုး ရေးခြံသို့ သံပုရာယို၊ သံပုရာ ပေါင်း ပြုလုပ်သော နည်းပညာနှင့် သစ်သီးများ စက်ဖြင့် အခြောက်ခံခြင်း နည်းပညာကိုလည်းကောင်း၊ “လက်ဖက်နှင့် တောင်ယာမြေ စိုက်- ထုတ်-စားသုံးရောင်းချသူများ အသင်း”သို့ သစ်သီးများစက်ဖြင့် အခြောက်ခံခြင်း နည်းပညာကိုလည်းကောင်း၊ MSME လုပ်ငန်း (၉) ခု အား နည်းပညာများပံ့ပိုးလွှဲပြောင်းပေးခဲ့ပါသည်။