စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသည် ပညာရေးဝန်ကြီး ဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနနှင့်ပူးပေါင်း၍ တိုင်းနှင့်ပြည်နယ် အသီးသီးမှ နည်းပညာတောင်းခံလာသည့် SME လုပ်ငန်းရှင်များအတွက် Value-added Product များ ထုတ်လုပ်လာနိုင်ပြီး ဝင်ငွေတိုးတက်ရရှိကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ နည်းပညာများဖြန့်ဝေခြင်းနှင့် လွှဲပြောင်းခြင်း အလုပ်ရုံ ဆွေးနွေးပွဲကို (၁.၆.၂၀၁၈) ရက်နေ့မှ (၂.၆.၂၀၁၈) ရက်နေ့အထိ (၂) ရက်ကြာ သုတေသနနှင့်တီထွင်ဆန်း သစ်မှုဦးစီးဌာန အစည်းအဝေးခန်းမ၊ အမှတ်(၆)၊ ကမ္ဘာအေး ဘုရားလမ်း၊ ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
ယခုကဲ့သို့ မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ SME လုပ်ငန်းရှင် များအတွက် နည်းပညာ (၁၁) မျိုး ဖြန့်ဝေခြင်းနှင့် လွှဲပြောင်းခြင်း အလုပ်ရုံဆွေးနွေးပွဲ ဖွင့်လှစ်ပို့ချခဲ့မှုသည် စိုက်ပျိုးရေးကိုအခြေခံပြီး အသေးစားနှင့်အလတ်စား လုပ်ငန်းများ မှ စက်မှုထွန်းကားသည့်နိုင်ငံအဖြစ် တက်လှမ်းနိုင်သော ထုတ်လုပ်မှုစွမ်းအားများ တိုးတက်ကာ တိုင်းပြည်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေသော၊ ကျေးလက်ဒေသထွက်ကုန်များအား တန်ဖိုးမြှင့်ထွက်ကုန် များအဖြစ် ထုတ်လုပ်နိုင်ရေးကိုတွန်းအားပေးကူညီနိုင်သော ဆောင်ရွက်မှုတစ်ခု ဖြစ်ပါသည်။