The Republic of the Union of Myanmar

Ministry of Industry

Directorate of Industrial Supervision and Inspection

(Department of Micro, Small and Medium Enterprises Development)

From 24-08-2015 to 13-05-2016
2:30 PM
ပုသိမ်မြို့ ၊ မော်လမြိုင်မြို့ ၊ စစ်တွေမြို့ ၊ ရန်ကုန်မြို့

နေ့ရက်နှင့်နေရာ            -    (၂၄.၈.၂၀၁၅) ရက်နေ့မှ (၆.၉.၂၀၁၅) ရက်နေ့အထိ ၊ ပုသိမ်မြို့  ၊ (၁.၅.၂၀၁၆) ရက်နေ့မှ (၆.၅.၂၀၁၆) ရက်နေ့အထိ၊ မော်လမြိုင်မြို့  ၊  (၈.၅.၂၀၁၆) ရက်နေ့မှ (၁၁.၅.၂၀၁၆) ရက်နေ့အထိ၊ စစ်တွေမြို့   ၊ (၁၃.၅.၂၀၁၆) ရက်နေ့၊ ရန်ကုန်မြို့

            စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသည် PUM Netherlands Senior Expert အဖွဲ့အစည်းနှင့်ပူးပေါင်း၍ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ် အတွင်းရှိ ဆားထုတ်လုပ်ငန်းရှင်များ၊ ဆား ထုတ်တောင်သူများအတွက် ပြည်ပမှ တင်သွင်းလာသည့် ဆားများနှင့် စျေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရရှိစေရန်၊ အရည်အသွေး ကောင်းမွန် သည့် ဆားကြမ်း၊ ဆားချောများ စနစ်တကျ ထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ စာတွေ့/ လက်တွေ့ နည်းပညာပေးအပ်သည့် သင်တန်းအား  (၂၄.၈.၂၀၁၅) ရက်နေ့မှ (၆.၉.၂၀၁၅) ရက်နေ့အထိ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌လည်းကောင်း၊ (၁.၅.၂၀၁၆) ရက်နေ့မှ (၆.၅.၂၀၁၆) ရက်နေ့အထိကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌လည်းကောင်း၊ (၈.၅.၂၀၁၆) ရက်နေ့မှ (၁၁.၅.၂၀၁၆) ရက်နေ့အထိကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ လည်းကောင်း၊ (၁၃.၅.၂၀၁၆) ရက်နေ့တွင် ရန်ကုန်မြို့၌ လည်းကောင်းကျင်းပပြုလုပ်ခဲ့ရာ ဆားလုပ်ငန်းရှင် စုစုပေါင်း (၁၇၈) ဦး အား စျေးကွက်ဝင်၊ အရည်အသွေးကောင်း ဆားကြမ်း၊ ဆားချောထုတ်လုပ်မှုနည်းပညာများ ပံ့ပိုးပေးခဲ့ပါသည်။

            PUM Netherlands Senior Experts အဖွဲ့အစည်း၏ ကျွမ်းကျင်ပညာရှင်မှ အဆိုပါဒေသများရှိ ဆားထုတ်လုပ်ငန်းရှင်များအား စျေးကွက်ယှဉ်ပြိုင်နှိုင်စွမ်းရရှိစေရန်နှင့် ဆားအရည်အသွေး ကောင်းမွန်လာစေရန်အတွက် ဆားကြမ်းအား လူဖြင့်ဆေးကြောခြင်း အစား လွန်လိမ်စက်ဖြင့် ဆေးကြောပုံနည်းစဉ်များ၊ ဆားပွင့်ကို လိုအပ်သည့် အရွယ်အစား ရရှိနိုင်ရေးအတွက် Grinder များ ဖြင့်ချိန်ညှိ၍ အသုံးပြုပုံများ၊ ဖြူဖွေးသောအရောင် ရရှိစေသည့် Pre-washing နည်းစနစ်များနှင့် လုပ်သားများ ဘေးအန္တရာယ်ကာကွယ်ရေးနှင့် ကျန်းမာရေးဆိုင်ရာအသိပညာများကို  ဖြန့်ဝေခဲ့ပါ သည်။

            နည်းပညာပံ့ပိုးမှုကြောင့် ဆားထုတ်လုပ်ရေးလုပ်ငန်းများတွင် ဆားအရည်အသွေး ကောင်းမွန်စေ သည့် အဓိကအချက်အလက်များကို သိရှိလာခြင်း၊ ဆားသန့်စင်မှုတိုးတက်လာခြင်း၊ ဆားဆေးကြော မှုတွင် လွန်လိမ်စက်များဖြင့် အသုံးပြုလာနိုင်၍ ထုတ်လုပ်မှုနှုန်းမြင့်မားလာခြင်း၊ ပြည်တွင်း စျေးကွက်ရရှိလာခြင်း စသည့် အကျိုး ကျေးဇူးများရရှိခဲ့ပါသည်။

pum_netherland_senior_experts_salt_production.pdf