The Republic of the Union of Myanmar

Ministry of Industry

Directorate of Industrial Supervision and Inspection

(Department of Micro, Small and Medium Enterprises Development)

From 25-09-2018 to 26-09-2018
From 11:45 AM to 12:45 PM
Yangon

Technology Advice and Solution from Korea (TASK) Program အရ လယ်ယာသုံးစက်ကိရိယာထုတ်လုပ်သည့်လုပ်ငန်းရှင်များအား Technical know- how ဆိုင်ရာများ ဆောင်ရွက်ပေးခဲ့မှုအခြေအနေ

မြန်မာနိုင်ငံရှိ လယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ်သည့်ကဏ္ဍတွင် ကြုံတွေ့နေရသည့် အခက်အခဲများအား ဖော်ထုတ်ပြီး ဖြေရှင်းခြင်း၊ အကြံပြုခြင်းနှင့်လိုအပ်သည့် Technical Know-how များလွှဲပြောင်းပေးခြင်းများ ပြုလုပ်နိုင်ရန် Technology Advice and Solution from Korea (TASK) Program ကို အကောင်အထည်ဖော်ရန်အတွက် ၂၀၁၇ ခုနှစ်၊ ဧပြီလတွင် စက်မှုဝန်ကြီးဌာနနှင့် KIATတို့အကြား MoU လက်မှတ်ရေးထိုးခဲ့ပါသည်။ 

TASK Program ကို အကောင်အထည်ဖော်ရန်အတွက် ပြည်နယ်နှင့်တိုင်းဒေသကြီး ရှိလယ်ယာသုံးစက်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်းများမှ သတ်မှတ်ထားသည့် Criteria နှင့် ကိုက်ညီ သည့် အောက်ပါလုပ်ငန်းစုစုပေါင်း(၉) ခုကို Korea Agricultural Machinery Industry Cooperate  (KAMICO) မှရွေးချယ်ခဲ့ပါသည်။

 

စဉ် လုပ်ငန်းအမည်     ထုတ်ကုန်အမျိုးအစား ပြည်နယ်/တိုင်းဒေသကြီး
၁။ ထိပ်တန်းစက်မှု၊ လက်မှုကုမ္ပဏီ လီမိတက်     လက်တွန်းထွန်စက်/ သယ်ယူပို့ဆောင်ရေး

ယာဉ် (GBM-5,GBM-7, GBM-7Plus)    
ဧရာဝတီတိုင်းဒေသကြီး
၂။     အောင်ပြည့်စုံစက်မှုလက်မှုကုမ္ပဏီလီမိတက် ချွေလှေ့စက်၊ သမန်းနှိုး စက်၊ ထွန်စက်သံဘီး၊ ရေတင်စက် ဧရာဝတီတိုင်းဒေသကြီး
၃။ လွင်ရှီလာစက်မှုလက်မှုကုမ္ပဏီ လီမိတက် လက်တွန်းထွန်စက်/ သယ်ယူပို့ဆောင်ရေး

ယာဉ် (GBM-5, GBM-7, GBM-7 Plus)
ဧရာဝတီတိုင်းဒေသကြီး
၄။ စိန်ရွှေငွေစက်မှုလက်မှုကုမ္ပဏီ လီမိတက် လက်တွန်းထွန်စက်/ သယ်ယူပို့ဆောင်ရေး

ယာဉ် (GBM-5, GBM-7, GBM-7 Plus)
ဧရာဝတီတိုင်းဒေသကြီး
၅။ Good Brother’s Machineries Co., Ltd လက်တွန်းထွန်စက်/ သယ်ယူပို့ဆောင်ရေး

ယာဉ် (GBM-5, GBM-7, GBM-7 Plus)
မန္တလေးတိုင်းဒေသကြီး
၆။ မန္တလာရွှေသီဟ စက်ရုံ လက်တွန်းထွန်စက်/ သယ်ယူပို့ဆောင်ရေး

ယာဉ် (GBM-5, GBM-7, GBM-7 Plus)
မန္တလေးတိုင်းဒေသကြီး
၇။ Sparrow ပဲ၊ စပါး၊ ပြောင်းဖူး၊ မြေပဲ ချွေလှေ့ စက်လုပ်ငန်း လက်တွန်းထွန်စက်/ သယ်ယူပို့ဆောင်ရေး

ယာဉ် (GBM-5, GBM-7, GBM-7 Plus)
ပဲခူးတိုင်းဒေသကြီး
၈။ တံခွန် စပါး၊ ပဲ၊ နေကြာချွေလှေ့ သန့်စင်စက် လက်တွန်းထွန်စက်/ သယ်ယူပို့ဆောင်ရေး

ယာဉ် (GBM-5, GBM-7, GBM-7 Plus)
ပဲခူးတိုင်းဒေသကြီး
၉။ ထိပ်တန်း (Top) စက်မှုလက်မှုကုမ္ပဏီ

လီမိတက်
လက်တွန်းထွန်စက်/ သယ်ယူပို့ဆောင်ရေး

ယာဉ် (GBM-5, GBM-7, GBM-7 Plus)
စစ်ကိုင်းတိုင်းဒေသကြီး
 KAMICO မှစေလွှတ် ခဲ့သည့် ကိုရီးယားပညာရှင်များသည် ရွေးချယ်ခဲ့သည့် လုပ်ငန်းများဖြစ်သော ဧရာဝတီတိုင်း ဒေသကြီးမှလုပ်ငန်း (၄)ခု၊ မန္တလေးတိုင်းဒေသကြီးမှလုပ်ငန်း (၂)ခု၊ ပဲခူးတိုင်းဒေသကြီးမှလုပ်ငန်း (၂)ခု၊ စစ်ကိုင်းတိုင်းဒေသကြီးမှ လုပ်ငန်း (၁)ခု တို့၏ လုပ်ငန်းခွင်များသို့ ၂၀၁၇ခုနှစ်တွင် ပထမအကြိမ် Diagnosis Study ပြုလုပ်ခဲ့ပါ သည်။ စက်ရုံများသို့ Onsite Diagnosis Study ပြုလုပ်ခဲ့သည့်အခြေအနေပေါ်မူတည်၍ ၄င်းတို့၏ထုတ်လုပ်မှုကဏ္ဍတွင် ကြုံတွေ့နေရသည့် Technical know-how ဆိုင်ရာ ပြဿနာများ ကိုဖြေရှင်းပေးနိုင်ရန်အတွက် ၂၀၁၈ခုနှစ်တွင် Onsite Technical Consultation ကို (၂) ကြိမ် ပြုလုပ်ခဲ့ပါသည်။ ထိုအပြင် KAMICO မှ မြန်မာနိုင်ငံရှိ လယ်ယာသုံးစက်ပစ္စည်း ထုတ်လုပ်နေသည့် လုပ်ငန်းရှင်များကို ကိုရီးယားနိုင်ငံရှိ အဆင့်မြင့်နည်းပညာဖြင့် လယ်ယာသုံးစက်ပစ္စည်း ထုတ်လုပ်နေသည့် လုပ်ငန်းများကို လေ့လာနိုင်ရန် လယ်ယာသုံးစက်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ဖြေရှင်းနိုင်ရန်နှင့် ကိုရီးယား- မြန်မာ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၈ခုနှစ်၊ ဇွန်လအတွင်း ကိုရီးယားနိုင်ငံသို့ (၁)ပတ် ကြာသွားရောက်လေ့လာ ရန် ဖိတ်ခေါ်ခဲ့ပါသည်။

    ကိုရီးယားပညာရှင်များမှ Onsite Technical Consultation များပံ့ပိုးပေးခဲ့သည့် အတွက် အောက်ပါလုပ်ငန်းရှင် အချို့ မှ မိမိတို့လုပ်ငန်းခွင်အခက်အခဲများ အောက်ပါအတိုင်း ဖြေရှင်းနိုင်ခဲ့ခြင်း၊ ပညာရှင်များမှ အကြံပေးသည့် နည်ပညာများအတိုင်း ပြောင်းလဲထုတ်လုပ်ခဲ့သဖြင့် ဆေးသုတ်ခြင်း၊ ဂဟေဆက်ခြင်း၊ Design ပိုင်းတို့တွင် ပိုမိုကောင်းမွန်လာပြီး စျေးကွက်တွင် အရည်အသွေးပိုမိုကောင်းမွန်သည့် လယ်ယာသုံးစက်ပစ္စည်များကို ထုတ်လုပ်နိုင်ခဲ့ပါသည်။

(က) အောင်ပြည့်စုံစက်မှုလက်မှုကုမ္ပဏီလီမိတက် အောင်ပြည့်စုံ (လယ်ယာသုံးစက်ကိရိယာအလုပ်ရုံ) သည် လယ်ယာသုံးစက် ကိရိယာများထုတ်လုပ်လျှက်ရှိရာ၊ လယ်ထွန်သည့် သမန်းနှိုးစက်များတွင် Alignment များလွဲနေသည့် အခက်အခဲများတွေ့နေရပြီး၊ ကိုရီးယားပညာရှင်များမှ သမန်းနှိုးစက် Chain ကြားတွင်ရှိသည့် Screw (၂) ခု ကြားတွင် Spring ထည့်ခိုင်းခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် Chain ကြားတွင် Alignment  များမှန်လာပြီး၊ အခက်အခဲများ ပြေလည်သွားခဲ့ပါသည်။

(ခ) တံခွန် စပါး၊ ပဲ၊ နေကြာချွေလှေ့ သန့်စင်စက်

- တံခွန် (လယ်ယာသုံးစက်မှု၊လက်မှုလုပ်ငန်း) သည် စပါး၊ ပဲ၊ ပြောင်းတို့ကို   စိုက်ပျိုးရောင်းချလျက်ရှိရာ၊ ၄င်းတို့ကို ခြွေလှေ့သည့် ခြွေလှေစက်အရည်  အသွေးညံ့သည့်အတွက် အထွက်နှုန်းနည်းသည့် အခက်အခဲများတွေ့နေရ ပါသည်။

- ကိုရီးယားပညာရှင်များမှ ၄င်းတို့လုပ်ငန်းသို့ သွားရောက်လေ့လာခဲ့စဉ် ခြွေလှေ့  စက်များ၌ ထုတ်ကုန်များထည့်သည့်အပေါက်ကို ယခင်ကအလယ်ဗဟိုတည့်  တည့်မှဖောက်ထားခဲ့သည်ကို ခြွေလုံးလည်သည့်အလာဘက်သို့ စောင်း၍ဖောက်ခိုင်းခဲ့ပါသည်။

- ထို့နောက် ယခင်က ခြွေလုံးနှင့်အပြင်မှ Cover စကာအကျဲအကွာအဝေးကို Level တူထားခံရာမှ ယခုအခါ အဝင်ဘက်သို့ကျယ်စေပြီး၊ အတွင်းဘက်သို့    ကျဉ်းစေခဲ့ပါသည်။

- ၄င်းပညာရှင်များပေးသည့် နည်းပညာများအတိုင်း ပြင်ဆင်ထုတ်လုပ်ခဲ့သည့် အတွက် ယခင်ကတစ်ရက်လျှင် တင်း (၆၀) မှ (၈၀) ကြားထွက်ရာမှ ယခုအခါ တစ်ရက်လျှင် တင်း (၈၀) မှ (၁၀၀) ကြားအထွက်နှုန်းတိုးခြင်း၊ ပြောင်းဖူးများ ကိုလည်း အူတံအကုန်စင်အောင် ခြွေနိုင်ခြင်း၊ သန့်ရှင်းမှုပိုမိုရရှိသည့်အတွက် စျေး                     ကောင်း ရရှိခြင်း၊ Alignment အဝင်၊ အထွက်မှန်ခြင်းစသည့် အကျိုး ကျေးဇူးများ ရရှိခဲ့ပါသည်။ 

(ဂ) စိန်ရွှေငွေစက်မှုလက်မှုကုမ္ပဏီ လီမိတက်

- စိန်ရွှေငွေ (လယ်ယာသုံးအလုပ်ရုံ)သည် စပါး၊ ပဲ၊ ပြောင်းတို့ကို စိုက်ပျိုးရောင်းချ  လျက်ရှိရာ၊ ၄င်းတို့ကို ခြွေလှေ့သည့် ခြွေလှေ့စက်အရည်အသွေး မကောင်းသည့်အတွက် အထွက်နှုန်းနည်းပြီး၊ လေလွင့်မှုများနှင့် ကြုံတွေ့နေရပါသည်။

- ကိုရီးယားပညာရှင်များမှ ၄င်းတို့လုပ်ငန်းသို့ သွားရောက်လေ့လာခဲ့စဉ် ခြွေလှေ့ စက်များ၌ခြွေသည့်ဆူးတံအရွယ်အစားအား ယခင်ကအရှည် ၅" လုံးပတ် ၁/၂"  ဟောင်းလောက်ပေါက်အစား ယခုအခါအရှည် ၄ ၁/၂" အရင်ပိုင်းအကျယ် ၂ ၁/၂" အဖျားပိုင်းအကျယ် (၁)လက်မအပိတ် အနေအထားဖြစ်အောင် ပြင်ခိုင်းခဲ့ပါသည်။ 

- စစ်ချသည့်ဇကာကိုလည်း ယခင်ဇကာကျဲသုံးသည့်အစား ယခုဇကာအစိတ်သုံးခိုင်းခဲ့ပါသည်။

- ၄င်းပညာရှင်များပေးသည့် နည်းပညာများအတိုင်း ပြင်ဆင်ထုတ်လုပ်ခဲ့သည့် အတွက် အစေ့၊ အစသေးသေးလေးပါမကျန် (၁) ကြိမ်ထဲနှင့်အကုန် ခြွေနိုင်ပြီး၊ လေလွင့်မှုနည်းပါးခြင်း၊ အထွက်နှုန်းတိုးလာခြင်း၊ လုပ်ကိုင်မှုနည်းစနစ် မှန်ကန်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိခဲ့သည့်အပြင် နိုင်ငံတော်အဆင့် MSMEs ထုတ်ကုန်ပြိုင်ပွဲတွင်တတိယဆုရရှိခဲ့ပါသည်။        

(ဃ) မန္တလာရွှေသီဟ စက်ရုံ

- မန္တလာရွှေသီဟလုပ်ငန်းသည် လယ်ထွန်စက်၊ ဒိုဇာစသည့် စက်ယန္တရားများ   ထုတ်လုပ်ရောင်းချလျက်ရှိရာ၊ ထိုယန္တရားများကို Assembly တွဲဆက်သည့်  Welding Process များ Jig & Figure များနည်းစနစ် လွဲမှားနေသည့်    ပြဿနာများကြုံတွေ့နေရပါသည်။

- ကိုရီးယားပညာရှင်များမျ Welding ပြုလုပ်သည့်အခါ Frame နှင့် Press Part  များကိုဖမ်းသည့် Jig & Figure များကိုအထည့်၊ အထုတ် လွယ်ကူစေရန် တစ်ဘက်စီကို ၁/၂" စီအတိုး၊ အလျော့လုပ်မည့် အစားနေရာမလွဲအောင် Fitting ထားသင့်ကြောင်းနှင့် ဆေးသုတ်သည့်အခါ သံချေးလုံးဝမရှိစေရန်၊ ဆေးသား မထပ်စေရန် ဂရုစိုက်သင့်ကြောင်း ထောက်ပြပေးခဲ့ပါသည်။

- ၄င်းပညာရှင်များ ထောက်ပြသည့် နည်းပညာအတိုင်း ပြင်ဆင်ထုတ်လုပ်ခဲ့သည့်အတွက် Assembly တွဲဆက်ရာ၌ နေရာမလွဲဘဲအရည်အသွေး ပိုမိုကောင်းမွန်လာခဲ့ပါသည်။

(င) Good Brother’s Machineries Co., Ltd

- Good Brother’s Machineries သည် လယ်ယာသုံးစက်ကိရိယာများကို ထုတ်လုပ်ရောင်းချလျက်ရှိရာ၊ ထွေလာဂျီထုတ်လုပ်ခြင်း၌ Parsting နှင့်  Assembly လိုင်းများသေသပ်မှုမရှိသည့် ပြဿနာများကြုံတွေ့နေရပါသည်။

- ကိုရီးယားပညာရှင်များမှ Painting ပိုင်းနှင့်ပတ်သက်၍ ယခင်က Body တစ်ခုလုံးအားတောက်လျှောက်ဆေးမှုတ်သည့်အစား 3" (သို့) 4" တဖြတ်စီခွဲ၍ဆေးသား မထပ်စေအောင် ဆေးမှုတ်သင့်ကြောင်းနှင့် Assembly လိုင်းနှင့်ပတ်သက်၍ လည်း Sector တစ်ခုချင်းခွဲ၍ တွဲဆက်သင့်ကြောင်းထောက်ပြခဲ့ပါသည်။ 

- ထိုသို့ ပြင်ဆင်ပြုလုပ်ခြင်းဖြင့် ဆေးသားနှင့် Assembly တွဲဆက်မှုများ သေသပ်မှု  ရှိပြီး၊ နည်းစဉ်များမှန်ကန်သွားခဲ့ပါသည်။   

(စ) Sparrow ပဲ၊ စပါး၊ ပြောင်းဖူး၊ မြေပဲချွေလှေ့ စက်လုပ်ငန်း

- Sparrowလုပ်ငန်းသည် ပဲအမျိုးမျိုး၊ စပါး၊ ပြောင်း ခြွေလှေ့စက်များထုတ်လုပ် ရောင်းချလျက်ရှိရာ၊ အရည်အသွေးမထိန်းသိမ်းနိုင်သည့် အခက်အခဲများနှင့် ကြုံတွေ့နေရပါသည်။

- ကိုရီးယားပညာရှင်များမှ ယခင် Welding တွဲဆက်ရာ၌ Scale မထားဘဲတွဲ ဆက်နေမည့်အစားScale သေချာထား၊ ကျင်တွယ်နှင့်ဖမ်း၍ တွဲဆက်ရန် ညွှန်ကြားခဲ့ပါသည်။

- ထိုသို့ ပြင်ဆင်ထုတ်လုပ်ခြင်းဖြင့် Scale မှန်ခြင်း၊ ချို့ယွင်းမှုနည်းခြင်း၊ လုပ်ငန်းတည်ငြိမ်၍ အရည်အသွေးထိန်းထားနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိခဲ့ပါသည်။          

(ဆ) ထိပ်တန်းစက်မှု၊ လက်မှုကုမ္ပဏီ လီမိတက် (ဧရာဝတီတိုင်း)

- စက်ပစ္စည်းများ၏ Quality ပိုင်းဆိုင်ရာများစစ်ဆေးခြင်း၊ ကြီးကြပ်ခြင်းများ  ဆောင်ရွက်ရန် နည်းပညာများ လိုအပ်လျက်ရှိနေပါသည်။ 

- တရုတ်မှလာသောစက်များ၏ဘီးများအားအစားထိုးသည့် သံဘီးများထုတ်လုပ်ရာ တွင် သံခွေဝိုင်းများထုတ်လုပ်သည့် နည်းပညာများလိုအပ်နေပါသည်။ 

- ခြွေလှေ့စက်များ၏ ကိုယ်ထည်ဆေးမှုတ်သည့်အပိုင်းတွင် နည်းပညာအခက်  အခဲရှိပါသည်။ 

- ကိုရီးယားပညာရှင်များမှ စက်ရုံအနေဖြင့် ထုတ်လုပ်သည့် လုပ်ငန်းစဉ်များ စနစ်တကျထားရှိရန်လိုအပ်ပြီး ကုန်ကြမ်းပစ္စည်းများ၊ ထုတ်လုပ်သည့်ပစ္စည်းများ၏ အရည်အသွေးကို မျက်မြင်ဖြင့် စစ်ဆေးခြင်းထက် စက်ကိရိယာများဖြင့် စစ်ဆေးသင့်ကြောင်း၊ စက်ပစ္စည်းနှင့် ကုန်ကြမ်းများကို အရည်အသွေးကောင်းသော ပစ္စည်းများကိုသာသုံးစွဲပြီး၊ မိမိစက်ရုံအမည်ကို ထိန်းသိမ်းရန်လိုအပ်  ကြောင်းဆွေးနွေးအကြံပေးခဲ့ပါသည်။

- စက်ရုံအနေဖြင့် ကိုရီးယားလေ့လာရေး ခရီးစဉ်တွင် စက်မှုပစ္စည်းထုတ်လုပ်ရေး Process တွင် စနစ်တကျထုတ်လုပ်ပုံ၊ သိုလှောင်ပုံ၊ ထုတ်ပိုးပုံ၊ ဖြန့်ချိပုံများကို အတုယူလေ့လာခွင့်ရရှိခဲ့ပြီး၊ လယ်ယာလုပ်ငန်းတွင် ကောက်စိုက်ရာ၌ တိုက်ရိုက်မျိုးစေ့ အစေ့ချစက်ဖြင့် စိုက်ပျိုးရေးအားသာချက်များအား လေ့လာသိရှိခဲ့ရ ပါသည်။         

ကိုရီးယားနိုင်ငံရှိ အဆင့်မြင့်စနစ်ဖြင့် ထုတ်လုပ်နေသည့် လယ်ယာသုံးစက်ပစ္စည်များ ထုတ်လုပ်သည့် လုပ်ငန်းခွင်များသို့ သွားရောက်လေ့လာခဲ့ရသဖြင့် မိမိတို့ဒေသတွင် လယ်ယာသုံးစက် ပစ္စည်းကိရိယာများ တီထွင်ထုတ်လုပ်နိုင်ရန် အထောက်အကူပြုသည့် နည်းပညာကောင်းများ ရရှိခဲ့ပါ သည်။ ထို့အပြင် မြန်မာလုပ်ငန်းရှင်အချို့မှ မြန်မာ့စျေးကွက်နှင့် ကိုက်ညီသည့် ကွမ်းသီး အခွံခွာစက်၊ တပိုင်တနိုင်ဆန်စက်ငယ်များ၊ မြန်မာ့ဆန်၊ မြေအနေအထားနှင့်ကိုက်ညီသည့် လယ်ယာသုံးစက် ပစ္စည်းများ ထုတ်လုပ်နိုင်ရန်အတွက် နည်းပညာများကိုလည်း ထပ်မံတောင်းဆိုခဲ့ပါသည်။ ထို့ကြောင့် Task Program သည်လယ်ယာသုံးပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းရှင်များအတွက် များစွာအကျိုးရှိ သည့် Program တစ်ခုဖြစ်ပါသည်။