The Republic of the Union of Myanmar

Ministry of Industry

Directorate of Industrial Supervision and Inspection

(Department of Micro, Small and Medium Enterprises Development)

From 8-09-2016 to 9-09-2018
11:45 AM
နေပြည်တော်၊ MICC-2

နေ့ရက် နှင်နေရာ - (၈.၉.၂၀၁၆) မှ (၁၀.၉.၂၀၁၆) အထိ၊ နေပြည်တော်၊ MICC-2

                           - (၂၇.၁.၂၀၁၇) မှ (၂၉.၁.၂၀၁၇) အထိ၊ ရန်ကုန်မြို့၊ တပ်မတော်ခန်းမ

                           - (၂၅.၈.၂၀၁၇) မှ (၂၇.၈.၂၀၁၇) အထိ ၊ နေပြည်တော်၊ MICC-2 

                           - (၂၆.၁.၂၀၁၈) မှ (၂၈.၁.၂၀၁၈) အထိ ၊ ရန်ကုန်မြို့၊ တပ်မတော်ခန်းမ 

                           - (၇.၉.၂၀၁၈) မှ (၉.၉.၂၀၁၈) အထိ ၊ နေပြည်တော်၊ MICC-2

စက်မှုဝန်ကြီးဌာနနှင့် Myanmar Promotional Service (MPS) Co.,Ltd တို့ပူးပေါင်း၍ စက်မှုနည်းပညာများ၊ ထုတ်ကုန်ပစ္စည်းများ၏ထုတ်လုပ်မှုဆိုင်ရာ နည်းပညာများ၊ SME ထုတ်ကုန်များနှင့်မြန်မာနိုင်ငံသားတိုင်း၏ တီထွင်မှုစိတ်ကူးစိတ်သန်းများ တိုးပွားလာစေရန် ရည်ရွယ်၍ “The International Technology & Industry Show” နိုင်ငံတကာနည်းပညာ ပြပွဲကို (၈.၉.၂၀၁၆) ရက်နေ့မှ (၁၀.၉.၂၀၁၆) ရက်နေ့အထိ နေပြည်တော် MICC-2 ၌ ပထမအကြိမ်အဖြစ်လည်းကောင်း၊ (၂၇.၁.၂၀၁၇) ရက်နေ့မှ (၂၉.၁.၂၀၁၇) ရက်နေ့အထိ ရန်ကုန်မြို့၊ တပ်မတော်ခန်းမ၌ ဒုတိယအကြိမ်အဖြစ်လည်းကောင်း၊ (၂၅.၈.၂၀၁၇) ရက်နေ့မှ (၂၇.၈.၂၀၁၇) ရက်နေ့အထိ နေပြည်တော် MICC-2 ၌ တတိယအကြိမ်အဖြစ်လည်းကောင်း၊ (၂၆.၁.၂၀၁၈) ရက်နေ့မှ (၂၈.၁.၂၀၁၈) ရက်နေ့အထိ ရန်ကုန်မြို့၊ တပ်မတော်ခန်းမ၌ စတုတ္ထအကြိမ်အဖြစ်လည်းကောင်း၊ (၇.၉.၂၀၁၈) ရက်နေ့မှ (၉.၉.၂၀၁၈) ရက်နေ့အထိ နေပြည်တော် MICC-2 ၌ ပဉ္စမအကြိမ်အဖြစ်လည်းကောင်း၊ ကျင်းပခဲ့ရာ ပြည်နယ်/ တိုင်းဒေသကြီး အသီးသီးမှ အလားအလာရှိသော SME Products များ ပါဝင်ပြသရောင်းချ၍ SME Products များအား Market ချိတ်ဆက်ခြင်းဖြင့် Promotion ပြုလုပ်ခဲ့ပါသည်။

အဆိုပါ နိုင်ငံတကာနည်းပညာပြပွဲတွင် ကချင်ပြည်နယ်မှ မက်လင်ချဉ်သီး ဖျော်ရည်၊ ရှီးပတီးမြစ်၊ ပယင်း ခေါင်းအုံးများ၊ ကယားရိုးရာ အဝတ်အထည်များ၊ ကရင်ရိုးရာ အဝတ်အထည်များ၊ မွန်ပြည်နယ်မှ ယိုမျိုးစုံ နှင့်မှိုခြောက်၊ ပန်းခြောက်များ ဆား ထုတ်ကုန်များ၊ ရှမ်းရိုးရာ အဝတ်အထည်နှင့်လက်ဖက်ခြောက်၊ ချင်း ဒေသထွက် တောင်ပေါ်ကော်ဖီများ၊ မန္တလေးဒေသထွက် ပဲဆီမျိုးစုံနှင့် ကြယ်ပဲများ၊ဧရာဝတီတိုင်းဒေသကြီး မှကြိမ်ထည်ပစ္စည်းများ၊ တနင်္သာရီ တိုင်းဒေသကြီးမှ ငါးပိ၊ ငါးခြောက် နှင့်ငံပြာရည်များ၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ ကြာဇံနှင့် ဆေးအမျိုး မျိုးအမယ် (၂၀၀) ခန့် ပြသရောင်း ချနိုင်ခဲ့ပါသည်။

၄င်းနိုင်ငံတကာနည်းပညာ ကုန်စည်ပြပွဲတွင် SME ထုတ်ကုန်များအား ပြသရောင်းချခြင်း အားဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ Potential ထွက်ကုန်များအား ပြည်တွင်း စားသုံးသူများသိရှိ လာခြင်း၊ ထုတ်ကုန်များ စျေးကွက်အသစ်ရရှိလာခြင်း၊ ထုတ်ကုန်များ၏ ထုပ်ပိုးမှုစနစ် ကောင်းလာစေရန်ပြုပြင်နိုင်ခြင်းစသည့်အကျိုး ကျေးဇူးများကိုရရှိခဲ့ပါသည်။