ASEAN Access Webportal (www.aseanaccess.com) နှင့် ASEAN Access Match Webportal (match.aseanaccess.com) တို့ကို ACCMSME ၏ ဦးဆောင်မှုဖြင့်ရေးဆွဲခဲ့ပြီး ASEAN Access Webportal ကို (၁၆.၆.၂၀၂၁) ရက်နေ့တွင်လည်းကောင်း၊ ASEAN Access Match
Webportal ကို (၂၅.၁.၂၀၂၂) ရက်နေ့တွင် လည်းကောင်း Launching ပြုလုပ်ခဲ့ပါသည်။ ASEAN Access Webportal ကို
ဝင်ရောက်လေ့လာခြင်းဖြင့် အာဆီယံနိုင်ငံများ၏ စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များ၊ International Trade ဆိုင်ရာအချက်အလက်များ၊ အာဆီယံနိုင်ငံများမှ ကျင်းပပြုလုပ်သည့် Event များအား
လေ့လာသိရှိနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် ဒေသတွင်း SME လုပ်ငန်းများကို အထောက်အပံ့ပေးလိုသည့် နိုင်ငံအလိုက် Service Provider များအနေဖြင့် Distribution၊ Business Matchmaking ၊ Co- Working ၊ Market Access Consultancy ၊ Law & Regulation၊ Intellectual Property စသည်ဖြင့် မိမိနှင့် သက်ဆိုင်ရာကဏ္ဍအလိုက်
ရွေးချယ်၍ Register ပြုလုပ်လျှောက်ထားနိုင်မည်ဖြစ်ပါသည်။ ASEAN ဒေသတွင်း SME များအနေဖြင့် Service Provider Data
Bank အတွင်း မိမိချိတ်ဆက်လိုသည့် Service Provider အားရွေးချယ်၍
အကြံဉာဏ်ရယူဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
ASEAN Access Match Webportal တွင်လည်း
သက်ဆိုင်ရာနိုင်ငံများမှ ကဏ္ဍအလိုက် Events များ ကျင်းပပြုလုပ်လျက်ရှိရာ မြန်မာ SME များအနေဖြင့် ASEAN Access နှင့် ASEAN Access Match တို့တွင် Register ပြုလုပ်၍ Market Talk များ၊ Business Matchmaking များနှင့်
သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးပြောကြားသည့် Webinar များစသည်တို့သို့ တက်ရောက်
ဆွေးနွေးနိုင်မည်ဖြစ်ပါသည်။
ASEAN Access နှင့် ASEAN Access Match များသို့ ဝင်ရောက်လေ့လာခြင်းဖြင့်
နိုင်ငံတကာစီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များကို သိရှိနိုင်ပြီး
နိုင်ငံတကာဈေးကွက်သို့ ချိတ်ဆက်နိုင်သည့်
အခွင့်အလမ်းများ ရရှိနိုင်မည့်အပြင် ASEAN Access Match မှ ကျင်းပပြုလုပ်သည့် Events များသို့
မြန်မာ SME များ ပါဝင်တက်ရောက်ခြင်းဖြင့် ASEAN ဒေသတွင်းနိုင်ငံများမှ
လုပ်ငန်းရှင်များနှင့် Network ချိတ်ဆက်နိုင်ခြင်း၊
ဈေးကွက်ချိတ်ဆက်ဆောင်ရွက်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါသည်။
ထို့ကြောင့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အောက်ဖော်ပြပါ Webportal များကို Register ပြုလုပ်ပြီး
ဝင်ရောက်လေ့လာနိုင်ပါရန် သတင်းအချက်အလက် ဖြန့်ဝေအပ်ပါသည်။
- www.aseanaccess.com
- https://match.aseanaccess.com