တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Guaungzhou မြို့၌ Secretariat of the
Organizing Committee of China Inter-national SME Fairမှ ကြီးမှူး
၍(၁၀.၁၀.၂၀၁၆) ရက်နေ့မှ (၁၃.၁၀.၂၀၁၆) ရက်နေ့အတွင်း ကျင်းပပြုလုပ်သော“13th
China International Small & Medium Fair (CISMEF)”
ပြပွဲသို့မြန်မာနိုင်ငံမှ အသေးစားနှင့် အလတ်စား လုပ်ငန်းရှင် များ၏
ထုတ်ကုန်ပစ္စည်းများအား သွားရောက်ခင်းကျင်းပြသနိုင်ရန်အတွက် တရုတ်ပြည်သူ့
သမ္မတနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊
Secretariat of the Organizing Committee of China International SME Fair
တို့နှင့်ပူးပေါင်းဆောင်ရွက်ခဲ့ ပါသည်။
၄င်း CISMEF ပြပွဲကျင်းပခြင်းဖြင့် မြန်မာSMEများ၏ထုတ်ကုန် ပစ္စည်းများကို
နိုင်ငံတကာမှ လုပ်ငန်းရှင်များ သိရှိအောင် မိတ်ဆက်နိုင်ခြင်း၊
အခြားနိုင်ငံများမှ ထုတ်ကုန် ပစ္စည်းများ၊ တီထွင်ဆန်းသစ် မှုများနှင့်
အရည်အသွေးတို့ ကို လေ့လာနိုင်ခြင်း၊ နိုင်ငံတကာမှ လုပ်ငန်းရှင်များ
နှင့်အတွေ့အကြုံ ဖလှယ်နိုင် ခြင်း၊စီးပွားရေးအရချိတ်ဆက် ဆောင်ရွက်ရန်
အခွင့်အရေး ရရှိခြင်းစသည့် အကျိုးကျေးဇူး များဖြစ်ထွန်းလာမည် ဖြစ်ပါ သည်။