မြန်မာနိုင်ငံရှိ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းရှင်များကို ဂျပန်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များဖြင့် ဖက်စပ်လုပ်ကိုင်ခွင့်ရရှိစေရန်နှင့် ဂျပန်နိုင်ငံရှိ SME လုပ်ငန်းများ၏ နည်းပညာများရရှိစေရန် ဂျပန်နိုင်ငံတွင် လုပ်ငန်းညှိနှိုင်းဖလှယ်၍ လေ့လာရေးအစီအစဉ်များ သင်တန်းများ ကျင်းပပေးရန်အတွက် ဂျပန်နိုင်ငံရှိ (SMRJ-Small and Medium Enterprises and Regional Innovation, Japan) အဖွဲ့အစည်းမှ SMEs Development Department နှင့် ပူးပေါင်းလျက် Survey မေးခွန်းများကောက်ယူပြီး မြန်မာနိုင်ငံမှလုပ်ငန်းရှင် (၂၂) ဦးကို ရွေးချယ်လျက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်၊ ပထမ (၆) လပတ်အတွင်း ဂျပန်နိုင်ငံသို့ သွားရောက်လေ့လာခွင့်ရရှိရန် ဆောင်ရွက်ပေးခဲ့ပါ သည်။
ထိုသို့ဆောင်ရွက်ခြင်းဖြင့် ဂျပန်နိုင်ငံရှိ SME လုပ်ငန်းများ၏ နည်းပညာများနှင့် ထုတ်ကုန် ပစ္စည်းများကိုင်တွယ် ဖြေရှင်းသည့်နည်းလမ်းများ၊ မြန်မာ SME လုပ်ငန်းများအား ဂျပန်နိုင်ငံ နှင့် အာဆီယံနိုင်ငံများသို့ ဖိတ်ခေါ်၍ လုပ်ငန်းရှင်အချင်းချင်း တွေ့ဆုံဆွေးနွေးခြင်း၊ လုပ်ငန်း ဆိုင်ရာများနှီးနှောဖလှယ်ခြင်း၊ သင်တန်းများပို့ချခြင်း၊ ပညာပေးခြင်း၊ ဂျပန်ကုမ္ပဏီများသို့ လေ့လာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိခဲ့ပါသည်။
မြန်မာ SMEs များ International Market သို့ Online စနစ်ဖြင့် ဝင်ရောက် နိုင်ရန်အတွက် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်နေ့တွင် "Paving the Way for SME in Myanmar" proposed programme ကို UNESCAP UNIDO Hans Seidel Foundaion UMFCCI တို့ နှင့် ပူးပေါင်း၍ SME များနှင့် ရင်းနှီးမြှုပ်နှံသူများကို ချိတ်ဆက်ပေးနိုင်ရန် ရည်ရွယ်၍ Myanmar SME Link Platform မိတ်ဆက်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ Platformသည် လုပ်ငန်းရှင်များအတွက် ကိုယ်ပိုင်စာမျက်နှာတစ်ခုရရှိခြင်း၊ စီးပွားရေးအခွင့်အလမ်းများပိုမိုရရှိသေခြင်း၊ အထောက်အပံ့ ဝန်ဆောင်မှုပေးနေသော လုပ်ငန်းများအားအလွယ်တကူ လက်လှမ်းမှီစေခြင်း၊ နိုင်ငံတကာစျေးကွက်နှင့် ချိတ်ဆက်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။