UBM Asia (Thailand) Co.,Ltd နှင့် Myanmar Industrial Association (MIA)
တို့ ပူးပေါင်း ၍"Intermach & Subcon Myanmar 2016" ပြပွဲနှင့်
Business Matching ကို (၂၀.၁၀.၂၀၁၆) ရက်နေ့မှ (၂၂.၁၀.၂၀၁၆) ရက်နေ့အထိ
ရန်ကုန်မြို့၊ တပ်မတော်ခန်းမ၌ ကျင်းပပြုလုပ် ခဲ့ရာ ပြည်နယ်နှင့်
တိုင်းဒေသကြီးများမှ SME လုပ်ငန်းရှင်များ တက်ရောက် ခြင်းနှင့်
ညှိနှိုင်းဆွေးနွေးခြင်း ပြုလုပ်နိုင်ရန် ဆောင်ရွက်ပေးခဲ့ပါသည်။
အဆိုပါပြပွဲတွင် ကမ္ဘာ့နိုင်ငံပေါင်း (၂၂) နိုင်ငံမှ အီလက်ထရွန်းနစ်နှင့်
မော်တော်ကားစက်ရုံ များတွင် အသုံးပြုသော စက်ယန္တရားအစိတ်အပိုင်း (၅၀၀)
တို့အား ထိုင်းနိုင်ငံမှ ကုမ္ပဏီများ၊ MIA မှ (၂၅) ဦးနှင့် MES မှ (၂၀)
ဦးခန့် ပြပွဲတွင်ပါဝင်ပြသခဲ့ပြီး Business Matching ကိုလည်း
ပြုလုပ်ခဲ့ပါသည်။
Intermach & Subcon Myanmar 2016 Exhibition နှင့် Business Matching
ကျင်းပခြင်းတွင်မြန်မာ SMEs များပါဝင်ခွင့်ရရှိသဖြင့်် ထုတ်လုပ်မှုဆိုင်ရာ
နည်းပညာများ ရရှိခြင်း၊ Business Partner ရှာဖွေနိုင် သည့်
အခွင့်အလမ်းများရရှိခြင်း၊ ထုတ်ကုန်များအား ပါဝင်ပြသနိုင်ခြင်း၊
မြန်မာနိုင်ငံရှိ SME လုပ်ငန်းရှင်များမှ စက်ပစ္စည်း အစိတ်အပိုင်း
ထုတ်လုပ်မှုများ တိုးတက်စေခြင်း၊ စက်ရုံအလုပ်ရုံများတွင် အသုံးပြုလာခြင်း၊
အကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းနှင့် စွန့်ဦးတီထွင်သူများ
တိုးတက်များပြားစေခြင်းစသည့် အကျိုး ကျေးဇူး များရရှိခဲ့ပါသည်။